China
တရုတ်နိုင်ငံအနေဖြင့် ADB နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိဟု တရုတ်ဝန်ကြီးချုပ် ပြောကြား

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌ မာဆာတို ကန်ဒါအား ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၄ ရက်၌ လက်ခံတွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့် ADB အကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး၍ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ပထဝီဝင်နိုင်ငံရေး ရှုပ်ထွေးမှု၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ပိုမိုအားကောင်းလာသည့် သက်ရောက်မှုများကြောင့် မတည်ငြိမ်မှုနှင့် မရေရာမှုတို့ မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့စီးပွားရေးမှာ နှေးကွေးစွာ နာလန်ပြန်ထူလာခဲ့ကြောင်း လီက ပြောကြားခဲ့သည်။
အာရှနိုင်ငံများအနေဖြင့် စုစည်းညီညွတ်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လိုက်နာကျင့်သုံးရန်၊ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု မြှင့်တင်ရန်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ စီးဆင်းမှုအပေါ် အတားအဆီးများကို ဖယ်ရှားရန်၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ ချောမွေ့စွာ လည်ပတ်စီးဆင်းမှုနှင့် တည်ငြိမ်မှုတို့ကို ထိန်းသိမ်းကြရန် လီက အာရှနိုင်ငံများကို တိုက်တွန်းခဲ့သည်။
တစ်ချိန်တည်းတွင် ဘက်အသီးသီးအနေဖြင့် မက်ခရိုစီးပွားရေးမူဝါဒ ပေါင်းစပ်ညှိနှိုင်းမှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခြင်း၊ သိပ္ပံနှင့်နည်းပညာ တီထွင်ဆန်းသစ်မှုတွင် ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ခြင်း၊ အာရှစီးပွားရေး၏ စွမ်းဆောင်ရည်နှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ခြင်း၊ အန္တရာယ်အမျိုးမျိုးကို ပိုမိုကောင်းမွန်စွာ ကြံ့ကြံ့ခံရင်ဆိုင်ခြင်း၊ ဘုံဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် လက်တွဲလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း လီက ဆက်လက်ပြောကြားခဲ့သည်။
ADB မှာ အာရှ-ပစိဖိတ်ဒေသတွင် အရေးပါသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူးရှင်းတစ်ခုဖြစ်ကြောင်း လီက ပြောကြားလျက် ADB နှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ ချဲ့ထွင်ခြင်း၊ မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်တစ်ခုဆီသို့ မြှင့်တင်ခြင်း၊ အပြန်အလှန်အကျိုးရှိမှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ရလဒ်များ ပိုမိုကောင်းမွန်အောင် ဖန်တီးခြင်း၊ အာရှ-ပစိဖိတ်ဒေသ ပြည်သူများအတွက် ကောင်းကျိုးများ ပိုမိုဆောင်ကြဉ်းပေးခြင်းတို့ လုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
China willing to expand all-round cooperation with ADB: Chinese premier
BEIJING, March 24 (Xinhua) — Chinese Premier Li Qiang met with Asian Development Bank (ADB) President Masato Kanda on Monday in Beijing, expressing willingness to further expand all-round cooperation between China and the ADB.
Li said in recent years, affected by geopolitical turbulence and rising protectionism, the world economy has recovered slowly with increased instability and uncertainty.
Li called on Asian countries to strengthen solidarity and coordination, adhere to multilateralism, advance regional economic integration, break down barriers to the flow of trade, investment and technology, and maintain the stability and smooth flow of industrial and supply chains.
At the same time, all sides should strengthen macro policy coordination, deepen exchanges and cooperation in science and technology innovation, enhance the efficiency and resilience of the Asian economy, better withstand various risks, and join hands to achieve common development, Li added.
Noting that the ADB is an important multilateral development institution in the Asia-Pacific region, Li said China is ready to further expand all-round cooperation with the ADB, push the partnership to a new level, better achieve mutual benefit and win-win results, and provide more public goods for the region.
English Caption
Chinese Premier Li Qiang meets with Asian Development Bank (ADB) President Masato Kanda at the Great Hall of the People in Beijing, capital of China, March 24, 2025. (Xinhua/Liu Bin)