Connect with us

NPC

တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် သင့်တင့်မျှတစွာဖြင့် တည်တည်ငြိမ်ငြိမ် တိုးတက်မှုကို ထိန်းသိမ်းထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ပြော

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သောနှစ်များအတွင်း တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်အား သင့်တင့်မျှတစွာဖြင့် တည်တည်ငြိမ်ငြိမ် တိုးတက်မှုကို ထိန်းသိမ်းထားကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၉ ရက်၌ ပြောကြားခဲ့သည်။တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြုလွှတ်တော် အစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်အတွက် တရုတ်နိုင်ငံ ဗဟိုအစိုးရ အသုံးစရိတ်များအနက် ကာကွယ်ရေးဘတ်ဂျက်မှာ ယွမ် ၁.၇၈ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၂၄၉ ဘီလီယံခန့်) ရှိလာမည်ဖြစ်ကာ ယမန်နှစ်ထက် ၇.၂ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး၌ ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ရေးစွမ်းရည်သစ်များရှိသော နယ်ပယ်သစ် တပ်ဖွဲ့များ တည်ထောင်ရန်၊ ထောက်လှမ်းခြင်း၊ ကြိုတင်သတိပေးခြင်း၊ ပူးတွဲချေမှုန်းခြင်း၊ စစ်မြေပြင် အကူအညီပေးခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် ပူးပေါင်းအထောက်အကူပေးရေး စနစ်များနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ရန် တိုးမြှင့်ထားသော အသုံးစရိတ်များကို အဓိက အသုံးပြုမည်ဖြစ်ကြောင်း ဝူက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1MM
#China #DefenseSpending #NPC #တရုတ်နိုင်ငံ #ကာကွယ်ရေးအသုံးစရိတ် #အမျိုးသားပြည်သူ့ကွန်ဂရက်
……………………………………………………………………………………
(English Version)
China maintains reasonable, steady defense spending growth: spokesperson
BEIJING, March 9 (Xinhua) — China’s defense spending has maintained reasonable and steady growth over the past years, a Chinese military spokesperson said Sunday.
Wu Qian, spokesperson for the delegation of the People’s Liberation Army and the People’s Armed Police Force, made the remarks during the annual national legislative session.
It was disclosed at the session that China’s 2025 defense budget in the central government expenditures will be 1.78 trillion yuan (about 249 billion U.S. dollars), marking a 7.2-percent growth year on year.
Wu said the increased expenditure will be mainly used to develop new-domain forces with new combat capabilities and to enhance systems and capacity for reconnaissance and early warning, joint strikes, battlefield support and integrated logistics support. xhtxs.cn/1MM
English Caption
A China’s J-35A stealth fighter jet takes part in a performance during Airshow China in Zhuhai, south China’s Guangdong Province, Nov. 12, 2024. (Xinhua/Liu Dawei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.