Connect with us

Africa & Middle East

ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်အတွက် ဆွေးနွေးရန် ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ ကိုင်ရိုသို့ ရောက်ရှိ၊ ကနဦး သဘောတူညီမှုကို ပြသထားဟု သတင်းရင်းမြစ်များ ဆို

ဂါဇာစီးတီး၌ အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေရာတွင် စုဝေးနေသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဂါဇာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဟားမက်စ်အဖွဲ့ အကြီးအကဲ ခါလီ အယ်လ်-ဟေယာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရေရှည် အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်နိုင်ငံ၏ အဆိုပြုချက်သစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ကိုင်ရိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း အီဂျစ်သတင်းရင်းမြစ် တစ်ဦးက ဧပြီ ၂၂ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“အီဂျစ်နိုင်ငံရဲ့ အစီအစဉ်ကတော့ ငါးနှစ်ကနေ ခုနစ်နှစ်အထိ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ အပြည့်အဝလဲလှယ်ရေး၊ ဂါဇာဒေသဆီ လူသားချင်းစာနာမှု အကူအညီ ပေးပို့နိုင်ရေး၊ ဂါဇာဒေသကနေ အစ္စရေးတပ်တွေ လုံးလုံးလျားလျား ဆုတ်ခွာရေး စတာတွေကို တောင်းဆိုထားတာဖြစ်တယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အီဂျစ်နိုင်ငံက ကာတာနိုင်ငံနှင့် ညှိနှိုင်းကာ ပြင်ဆင်ထားသည့် ယင်းအဆိုပြုချက်နှင့် စပ်လျဉ်း၍ ကိုင်ရိုမြို့၌ ဆွေးနွေးမှုများမှာ ဧပြီ ၂၁ ရက်က ပြီးဆုံးသွားပြီးနောက် အစ္စရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာသွားချိန်တွင် ဟားမက်စ်အဖွဲ့၏ ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
“အစ္စရေးဘက်က အဲဒီအဆိုပြုချက်ကို ဆန်းစစ်သုံးသပ်နေဆဲဖြစ်ပေမဲ့ ဟားမက်စ်အဖွဲ့ကတော့ ကနဦး သဘောတူညီမှုကို ပြသထားပါတယ်” ဟု အီဂျစ်သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုစဉ် ဂါဇာဒေသမှ သတင်းရင်းမြစ်တစ်ဦးကလည်း ထိုခရီးစဉ်နှင့် စပ်လျဉ်း၍ ဆင်ဟွာသတင်းဌာနအား အတည်ပြုခဲ့သည်။ အစ္စ‌ရေးဘက်က ဂါဇာ၌ စစ်ဆင်ရေးများ ယာယီရပ်ဆိုင်းရေး၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရေးနှင့် အပြန်အလှန်အနေဖြင့် ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသော အစ္စရေး ဓားစာခံများကို ပြန်လွှတ်ပေးရေးတို့ ပါဝင်သည့် သဘောတူညီချက်တစ်ရပ် ရရှိရန် ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။
ဟားမက်စ်အဖွဲ့ကလည်း ယင်းအား တုံ့ပြန်သည့်အနေဖြင့် ထိန်းသိမ်းထားသော အစ္စရေးဓားစာခံအားလုံးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ အပြန်အလှန်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုအားလုံးကို အလုံးစုံရပ်ဆိုင်းရေး၊ စစ်ပွဲအား အပြည့်အဝအဆုံးသတ်ရေးအတွက် တောင်းဆိုထားသော တန်ပြန်အဆိုပြုချက် တစ်ရပ်ကို အဆိုပြုထားသည်ဟု ၎င်းသတင်းရင်းမြစ်၏ အဆိုအရ သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်နေသော အစ္စရေးတပ်ဖွဲ့ဝင်များအား အစ္စရေးကာကွယ်ရေးတပ်က ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်၌ ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- Israel Defense Forces/Handout via Xinhua)

………………………
(English Version)
Hamas delegation in Cairo for new Gaza truce plan, shows initial approval: sources
CAIRO/GAZA, April 22 (Xinhua) — A Hamas delegation led by its chief Khalil al-Hayya has arrived in Cairo to discuss a new Egyptian proposal for a long-term ceasefire with Israel in the Gaza Strip, an Egyptian source told Xinhua on Tuesday.
“The Egyptian plan calls for a five- to seven-year truce, a full exchange of Israeli hostages and Palestinian detainees, the delivery of humanitarian aid to Gaza, and a complete Israeli withdrawal from the enclave,” the source said on condition of anonymity.
The visit of Hamas’ delegation followed the departure of an Israeli delegation that concluded talks in Cairo on Monday regarding the same proposal prepared by Egypt in coordination with Qatar.
“While Israel continues to examine the proposal, Hamas has shown initial approval,” the Egyptian source added.
Meanwhile, a source from Gaza confirmed to Xinhua regarding the visit. It said Israel is seeking an agreement that would involve a “temporary cessation of military operations” in Gaza and the entry of humanitarian aid, in exchange for the release of several Israeli detainees held by Hamas.
In response, Hamas has put forward a counterproposal calling for the “release of all Israeli detainees in exchange for a complete cessation of hostilities and a full end to the war in the Gaza Strip,” according to the source. xhtxs.cn/21L
English Caption 1
People gather at the site of an Israeli airstrike in Gaza City, on April 21, 2025. (Photo by Rizek Abdeljawad/Xinhua)
English Caption 2
This photo released by Israel Defense Forces on April 21, 2025 shows Israeli troops operating in the Gaza Strip. (Israel Defense Forces/Handout via Xinhua)