Connect with us

မြန်မာ-ENG

မျိုးချစ်စိတ်ထက်သန်သော ညီညွတ်ရေးအင်အားစုကို အခိုင်အမာစုစည်း တည်ဆောက်ကြရန် အမျိုးသားနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုပွဲ၌ တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

မကြာမီ ရောက်ရှိလာတော့မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမြို့တွင် ကျင်းပသည့် ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနား၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုမှတစ်ဆင့် မျက်နှာစာအသီးသီးတွင် တရုတ်အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားများကို စုစည်းရန်အလို့ငှာ မျိုးချစ်စိတ်ထက်သန်သော ညီညွတ်ရေးအင်အားစုကို အခိုင်အမာစုစည်း တည်ဆောက်ရေးအတွက် ကြိုးပမ်းသွားကြရန် တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် ဝမ်ဟုနင်က စက်တင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
မကြာမီ ရောက်ရှိလာတော့မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် ပေကျင်းမြို့တွင် ကျင်းပသည့် ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနား၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော ၇၆ နှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် CPC ၏ ဦးဆောင်မှုအောက်တွင် ရရှိခဲ့သည့် ပြောင်မြောက်သော စွမ်းဆောင်မှုများကို ဝမ်က အလေးထားပြောကြားခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ကွန်ဂရက် စတင်ချိန်မှစ၍ တရုတ်နိုင်ငံသည် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်လျက် ပြန်ပြောင်းလဲ၍မရနိုင်သော သမိုင်းဖြစ်စဉ်ဆီသို့ ရောက်ရှိလာခဲ့ကာ ကမ္ဘာ့ဇာတ်ခုံ၌ စည်ပင်ဝပြော၍ ကြွယ်ဝချမ်းသာသော အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့သည်ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၌ နိုင်ငံလုံးဆိုင်ရာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ရေးဆွဲချမှတ်ရေးအတွက် အဆိုပြုချက်များကို လေ့လာဆန်းစစ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကာလမှာ တရုတ်နိုင်ငံအနေဖြင့် အခြေခံအုတ်မြစ် ပိုမိုခိုင်မာအောင် တည်ဆောက်ရေးနှင့် ဆိုရှယ်လစ် သွင်ပြင်လက္ခဏာများဖြင့် ခေတ်မီအသွင်ပြောင်းခြင်းကို အခြေခံကျကျ လက်တွေ့ဖော်ဆောင်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ရာတွင် အလွန်အရေးပါသော အဆင့်ဖြစ်လာမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသနှင့် တရုတ်နိုင်ငံ မကာအို ဒေသတို့နှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ဝမ်က ဟောင်ကောင်နှင့် မကာအိုတို့အား မျိုးချစ်ပုဂ္ဂိုလ်များက အုပ်ချုပ်နိုင်ရေး သေချာစေရန်အလို့ငှာ “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒအား ကျယ်ကျယ်ပြန့်ပြန့်၊ တိတိကျကျနှင့် မမှိတ်မသုန် အကောင်အထည်ဖော်ကာ ယင်းဒေသများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရေး၊ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ အမိနိုင်ငံ၏ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုများတွင် ယင်းဒေသများလည်း တစ်သားတည်း ပေါင်းစည်းနိုင်ရေးအတွက် ပံ့ပိုးကူညီသွားမည်ဟု ထပ်လောင်းကတိပြုခဲ့သည်။
ထိုင်ဝမ်အရေးကိစ္စနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ဝမ်က တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် ၁၉၉၂ ခုနှစ် သဘောတူညီချက်တို့အား တစ်စိုက်မတ်မတ် လိုက်နာစောင့်ထိန်းရေးအတွက် ကြိုးပမ်းကာ ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများကို နယ်ပယ်အသီးသီးတွင် တိုးမြှင့်လုပ်ဆောင်ပြီး “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” လှုပ်ရှားမှုများနှင့် ပြည်ပမှ ကြားဝင်စွက်ဖက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဟု ကတိပြုခဲ့သည်။
ထို့အတူ ပြည်ပရောက် တရုတ်နွယ်ဖွားများ၊ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအနေဖြင့် တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းခြင်းအား အားပေးမြှင့်တင်ခြင်း၊ နိုင်ငံပြန်လည်ပေါင်းစည်းမှုအား ရှေ့ဆက်ဖော်ဆောင်ခြင်းနှင့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ခြင်းတို့တွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး အဆင်ပြေချောမွေ့စေရန်အတွက်လည်း ကြိုးပမ်းသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲသို့ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်နှင့် ပြည်ပရောက် တရုတ်နွယ်ဖွားအသိုင်းအဝိုင်းတို့မှ ကိုယ်စားလှယ် ၇၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

မကြာမီ ရောက်ရှိလာတော့မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းမြို့တွင် ကျင်းပသည့် ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်လာသော တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်အား တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………………………………………………………..
(English Version)
China’s top political advisor urges boosting patriotic united front at National Day reception
BEIJING, Sept. 28 (Xinhua) — China’s top political advisor Wang Huning on Sunday urged efforts to consolidate and develop the patriotic united front so as to pool forces for advancing national rejuvenation on all fronts through Chinese modernization.
Wang, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and chairman of the National Committee of the Chinese People’s Political Consultative Conference, made the remarks at a reception held in Beijing to celebrate the upcoming 76th anniversary of the founding of the People’s Republic of China.
Highlighting the great feats achieved by China under the leadership of the CPC over the past 76 years, Wang said that since the 18th CPC National Congress in 2012, China has entered an irreversible historical process toward national rejuvenation and emerged as a thriving and prosperous major country on the world stage.
The fourth plenary session of the 20th CPC Central Committee, slated to take place in October, will study the proposals for formulating the 15th Five-Year Plan for national economic and social development, Wang said, adding that the 2026-2030 period will be a crucial phase for the country to consolidate the foundation and make all-out efforts for basically realizing socialist modernization.
Regarding Hong Kong and Macao, Wang reiterated the commitment to comprehensively, faithfully and resolutely implementing the principle of “one country, two systems” in order to ensure that Hong Kong and Macao are administered by patriots, and supporting the regions to achieve economic growth, improve people’s lives and integrate themselves into the country’s overall development.
On Taiwan, Wang pledged efforts to adhere to the one-China principle and the 1992 Consensus, boost cooperation and exchanges across the Taiwan Strait in various fields, and resolutely oppose “Taiwan independence” separatist activities and foreign interference.
Efforts will also be made to facilitate overseas Chinese, returned Chinese nationals and their relatives to play a greater role in promoting Chinese modernization, advancing national reunification and building a community with a shared future for humanity.
About 760 representatives from Hong Kong, Macao, Taiwan and overseas Chinese communities joined the reception.
English Caption 1
Wang Huning, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC), delivers a speech at a reception to celebrate the upcoming 76th anniversary of the founding of the People’s Republic of China, in Beijing, capital of China, Sept. 28, 2025. (Xinhua/Liu Weibing)
English Caption 2
Wang Huning, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC), attends a reception to celebrate the upcoming 76th anniversary of the founding of the People’s Republic of China, in Beijing, capital of China, Sept. 28, 2025. (Xinhua/Gao Jie)