Connect with us

Media

ထိုင်ဝမ်ဒေသအား စစ်ရေးအကူအညီပေးရန် အမေရိကန်နိုင်ငံက အတည်ပြုခဲ့ခြင်းကို တရုတ်နိုင်ငံ ဝေဖန်ရှုတ်ချ

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ထိုင်ဝမ်ဒေသအား စစ်ရေးအကူအညီ မည်မျှပင်ပေးနေစေကာမူ ထိုင်ဝမ်သီးခြားရပ်တည်ရေးကို ဆန့်ကျင်သည့်၊ နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်စောင့်ရှောက်သည့် တရုတ်နိုင်ငံ၏ စိတ်ပိုင်းဖြတ်မှုကို အနည်းငယ်မျှပင် ယိမ်းယိုင်စေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။ထိုင်ဝမ်ဒေသအား ဒေါ်လာ ၅၆၇ သန်းဝန်းကျင် တန်ကြေးရှိသော စစ်ရေးအကူအညီများ ပေးအပ်မည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို အိမ်ဖြူတော်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။သတင်းစာရှင်းလင်းပွဲ၌ ယင်းနှင့်ဆက်စပ်သည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ထိုင်ဝမ်ဒေသအား စစ်လက်နက်များ ပံ့ပိုးခြင်းဖြင့် အမေရိကန်နိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်းကောင်း၊ အထူးသဖြင့် ဩဂုတ် ၁၇ ရက် တရားဝင်ကြေညာချက်ဖြစ်သည့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်ကိုလည်းကောင်း၊ အကြီးအကျယ် ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ စင်စစ်အားဖြင့် ယင်းလုပ်ရပ်သည် ထိုင်ဝမ်ဒေသ၏ ခေါင်းဆောင်ဖြစ်သည့် လိုက်ချင်းသဲနှင့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ တာဝန်ရှိသူများ၏ ထိုင်ဝမ်သီးခြားရပ်တည်ရေးအတွက် ဇွတ်တိုး၍ ကြိုးပမ်းနေမှုနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအား စိန်ခေါ်မှုကို ရဲဆေးတင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လျင်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံဦးဆောင်သော ပြင်ပအင်အားစုများက ပံ့ပိုးထောက်ပံ့ထားသော ထိုင်ဝမ်သီးခြားရပ်တည်ရေး အင်အားစုများ၏ ခွဲထွက်ရေးလှုပ်ရှားမှုများသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်စေကာ ထိုင်ဝမ်ရေလက်ကြား၏ ရှိရင်းစွဲအခြေအနေအား အကြီးမားဆုံး ထိခိုက်မှုဖြစ်ပေါ်စေခြင်းကို ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်သည်ဟု လျင်က ဆိုသည်။”ထိုင်ဝမ်သီးခြားရပ်တည်ရေးဟာ လမ်းဆုံးတစ်ခုဖြစ်ပြီး ထိုင်ဝမ်သီးခြားရပ်တည်ရေးအတွက် စစ်အင်အား အသုံးပြုရေးကို အမေရိကန်နိုင်ငံက မရမကလုပ်ဆောင်နေတာဟာ ရလဒ်ပြောင်းပြန်ထွက်စေရုံပဲ ရှိပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။”အမေရိကန်နိုင်ငံအနေနဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲ‌ကြေညာချက် သုံးရပ်ကို လေးလေးနက်နက် လိုက်နာဖို့နဲ့ ထိုင်ဝမ်ဒေသအတွက် ဘယ်လိုပုံစံမျိုးနဲ့မဆို လက်နက်ပံ့ပိုးနေတာတွေကို ရပ်တန့်ဖို့ မိမိတို့ တိုက်တွန်းပါတယ်” ဟု လျင်က ဆိုသည်။၁၉၈၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ဩဂုတ် ၁၇ ရက် ကြေညာချက်၌ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ချိုးဖောက်ရန် သို့မဟုတ် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် ‘တရုတ်နှစ်နိုင်ငံ’ ‘တရုတ်တစ်နိုင်ငံ ထိုင်ဝမ်တစ်နိုင်ငံ’ မူဝါဒအား လက်ကိုင်ပြုရန် လုံးဝရည်ရွယ်ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံက ထပ်လောင်းအတည်ပြုခဲ့ကာ ထိုင်ဝမ်အား စစ်လက်နက်များ ရောင်းချနေခြင်းကိုလည်း ဖြည်းဖြည်းချင်းလျှော့ချသွားရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံဘက်က အခိုင်အမာဖော်ပြခဲ့သည်။ (Xinhua)
………………………
(English Version)
China decries U.S. military assistance approved to Taiwan regionBEIJING, Sept. 30 (Xinhua) — U.S. military assistance to the Taiwan region, regardless of the amount, will not sway in the slightest China’s resolve to oppose “Taiwan independence” and safeguard national sovereignty and territorial integrity, a Chinese spokesman said on Monday. A statement published on the White House website has announced the U.S. decision to provide military assistance to the Taiwan region worth around 567 million dollars. In response to a related question at a press briefing, foreign ministry spokesman Lin Jian said that by providing arms to the Taiwan region, the United States once again seriously violated the one-China principle and the three China-U.S. joint communiques, particularly the August 17 Communique. The move, in fact, is aimed at emboldening Lai Ching-te, leader of the Taiwan region, and the Democratic Progressive Party authorities in their obstinate pursuit of “Taiwan independence” and challenge the one-China principle, Lin said. This has proved once again that the secessionist activities by the “Taiwan independence” forces supported by the U.S.-led external forces pose the biggest threat to the peace and stability across the Taiwan Strait and cause the biggest damage to the status quo of the Strait, said Lin. “Taiwan independence” is a dead end, and the U.S. insistence on using military force to support the “Taiwan independence” will only backfire, he said. “We urged the U.S. to earnestly abide by the one-China principle and the three China-U.S. joint communiques, and cease arming the Taiwan region with weapons in any form,” Lin said. In the August 17 Communique released in 1982, the United States “reiterates that it has no intention of infringing on Chinese sovereignty and territorial integrity, or interfering in China’s internal affairs, or pursuing a policy of ‘two Chinas’ or ‘one China, one Taiwan’.” In the communique, Washington also states that it “intends gradually to reduce its sale of arms to Taiwan.” Endite

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.