Connect with us

Media

၇၅ နှစ်အကြာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်သစ်များနှင့်အတူ ပိုမိုအားကောင်းစွာ ပေါ်ထွန်းလာ

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအား တည်ထောင်ခဲ့ချိန်မှစ၍ လွန်ခဲ့သော ၇၅ နှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား၊ သိပ္ပံနှင့် နည်းပညာ စွမ်းပကားများနှင့် အဘက်ဘက်မှ နိုင်ငံ၏ အင်အားသည် သိသိသာသာ တိုးတက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုသည် ၁၉၇၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပျမ်းမျှအားဖြင့် နှစ်စဉ် ၈.၉ ရာခိုင်နှုန်း ရှိခဲ့ကာ အဆိုပါ ကာလတူအတွင်း ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပျမ်းမျှတိုးတက်မှုဖြစ်သော ၃ ရာခိုင်နှုန်းထက် များစွာသာလွန်လျက်ရှိသည်။

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ ပျမ်းမျှအားဖြင့် နှစ်အလိုက် ထောက်ကူပံ့ပိုးမှုသည် ၂၄.၈ ရာခိုင်နှုန်းရှိကာ တစ်ကမ္ဘာလုံးတွင် နံပါတ်တစ်နေရာ၌ ရှိနေကြောင်း NBS ၏ အစီရင်ခံစာအရ သိရသည်။
“တရုတ်နိုင်ငံဟာ မယုံနိုင်လောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့တယ်ဆိုတာ အသေအချာပါပဲ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့ချိန်ကစပြီး တရုတ်နိုင်ငံဟာ အမြင့်မားဆုံး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ရရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ရုံတင်မကဘဲ စီးပွါးရေးနဲ့ လူမှုရေးဆိုင်ရာ တိုးတက်မှုကလည်း ပြိုင်ဘက်ကင်းဖြစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာ တရုတ်နိုင်ငံဟာ ပထဝီဝင်အနေအထား ဒါမှမဟုတ် လူဦးရေအရတင်မကဘဲ စီးပွားရေးအရလည်း အလွန်ထင်ရှားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ အရေးအပါဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အတိတ်ကာလတုန်းကနဲ့စာရင် တရုတ်နိုင်ငံဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့သလို စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေပါတယ်” ဟု ဆန်မာရီနိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လူကာ ဘက်ကာရီက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံမှာ လူမှုစီးပွားဘဝ မြှင့်တင်ရေးက အစဉ်သဖြင့် တရုတ်နိုင်ငံရဲ့ အဓိကလုပ်ငန်းစဉ်တစ်ခု ဒါမှမဟုတ် အဓိကရည်မှန်းချက်တစ်ခု ဖြစ်နေတာကို မြင်တွေ့ရပါတယ်။ အဲဒါက တရုတ်အစိုးရရဲ့ အောင်မြင်မှုမှာ အဓိကအကြောင်းရင်းတစ်ရပ်ပါပဲ။ ပြည်သူလူထုက အစိုးရအပေါ် ကျေနပ်သဘောကျနေမယ်ဆိုရင် အစိုးရရဲ့ စနစ်အပေါ်မှာလည်း လက်တွေ့သက်ရောက်မှုရှိပြီး ကောင်းကောင်းအကျိုးပြုပါတယ်” ဟု အစ္စလာမ်မာဘတ်မြို့ရှိ Institute of Regional Studies မှ သုတေသနဆိုင်ရာ လေ့လာသုံးသပ်သူနှင့် ဆက်သွယ်ရေးမဟာဗျူဟာပညာရှင် ရီမာ ရှာအူကတ်က ဆိုသည်။

“တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အထင်ကြီးစရာအကောင်းဆုံး ရှုထောင့်တစ်ခုကတော့ လျင်မြန်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပါပဲ။ အဲဒီလောက်တိုတောင်းတဲ့ ကာလအတွင်းမှာ လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ်ကနေ နောက်ဆုံးပေါ်နည်းပညာတွေကို ပိုင်ဆိုင်ပြီး ခက်ခဲနက်နဲတဲ့ စက်မှုစီးပွားရေးနိုင်ငံအဖြစ် အသွင်ကူးပြောင်းမှုက စိတ်ဓာတ်တက်ကြွစရာပါပဲ။ မျိုးဆက်အသီးသီးရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့အတူ တစ်နိုင်ငံလုံးရဲ့ အာရုံစူးစိုက်နှစ်မြှုပ်မှုနဲ့ ညီညွတ်မှုက ကမ္ဘာပေါ်က တခြားနိုင်ငံတွေအတွက် စံနမူနာတစ်ခုဖြစ်သင့်ပါတယ်” ဟု ပိုလန် သတင်းအချက်အလက်အေဂျင်စီ၏ အမှုဆောင်ချုပ် မီလော့စ် ကာမီလ် မာနာစတာစကီးက ပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
75 years on, China’s economy emerges stronger with new growth momentum
STORYLINE:
Over the past 75 years since the founding of the People’s Republic of China, the country’s economic strength, scientific and technological capabilities, and overall national power have significantly increased, according to a report from the National Bureau of Statistics (NBS).
From 1979 to 2023, China’s economic growth averaged 8.9 percent annually, far exceeding the average global economic growth of 3 percent during the same period.
China’s average annual contribution to world economic growth was 24.8 percent, ranking first in the world, according to the NBS report.
SOUNDBITE 1 (Italian): LUCA BECCARI, San Marino’s Minister of Foreign Affairs
“China is undoubtedly a country that has experienced incredible development. Since the founding of the People’s Republic of China, it is, I think, one of the nations in the world that has achieved not only the highest rate of development but also an economic and social progression that is unmatched. Today, China is one of the nations that stands out, not just in terms of geography or population, but also in terms of its economy, making it one of the most important countries in the world. It has evolved significantly compared to the past and continues to evolve.”