လာဆာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပုတ္တလနန်းတော်၌ ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း ရှေးဟောင်းစာပေကျမ်းဂန် ပေစာ ၊ ပရပိုဒ်စာ ၁.၁ သန်းကျော် စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး ဟိုဆေးဆန်တီယေဂိုအယ်လ်စတာရိုမန်နာ(Jose Santiago L. Sta. Romana) သည် အဖျားရောဂါဝေဒနာဖြင့် ဧပြီ ၁၈ ရက်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ရခြင်းအတွက် တရုတ်နိုင်ငံက နက်ရှိုင်းစွာ အထူးဝမ်းနည်းကြေကွဲရကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ယနေ့ ဧပြီ...
ရှီနင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) ချောင်စူးကျွမ်း ၏ နေအိမ်အသစ်လေးမှာ သူ(မ) ၏ စာသင်ကျောင်းမှ ၂ ကီလိုမီတာခန့်သာ ကွာဝေးသည်။ အသက် ၁၂ နှစ်အရွယ် အဆိုပါ မိန်းကလေးငယ်၏ မိသားစုက ကျေးရွာဟောင်း၌ပင် ဆက်လက်နေထိုင်ပါက ကျောင်းသို့သွားရာ လမ်းခရီးမှာ ကီလိုမီတာ ၆၀...
ကိုလံဘို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အစိုးရအဖွဲ့ထံသို့ အဆိုပြုမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ပြန်ကြားရေးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်တာကြာမြင့်သော ရိုးရာနှစ်သစ်ကူး သို့မဟုတ် ဆောင်ခရန် (Songkran) ပွဲတော်ကာလသည် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရာနေရာအသီးသီးသို့ သွားရောက်ကြသည့် ခရီးသွားဧည့်သည် ၄ ဒသမ ၅၉ သန်းနှင့်အတူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး Thong Khon က...
ဘရပ်ဆဲလ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) က လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခဒဏ်ခံစားနေရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို သန်း ၅၀ ထပ်မံ ခွဲဝေသတ်မှတ်ကြောင်း ဧပြီ ၁၇ ရက် အီးယူထုတ်ပြန်ချက်အရ သိရသည်။
ကိုလံဘို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှု နှင့် ဆိုးရွားသော စီးပွားရေးအကျပ်အတည်းတစ်ခုရင်ဆိုင်ကြုံတွေ့နေရစဉ်အတွင်းမှာပင် ယနေ့(ဧပြီ ၁၈ ရက်) တွင် အစိုးရအဖွဲ့ထဲသို့ ဝန်ကြီးအသစ် ၁၇ ဦး ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်၍ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်တ်စ်ဘာ့ခ်မြို့ရှိ နေအိမ်တစ်ခု၌ ဧပြီ ၁၇ ရက် အစောပိုင်းက ပါတီပွဲကျင်းပခဲ့ရာ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသူ ၂ ဦး သေဆုံးခဲ့ပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၁၈ ရက်တွင် မြေပြင်စစ်ရေးလေ့ကျင့်လှုပ်ရှားမှုများ မပါဝင်ဘဲ အဓိက နွေဦးရာသီစစ်ရေးလေ့ကျင့်မှု ကျင်းပပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အမေရိကန်နိုင်ငံတို့အကြား ထိပ်သီးအစည်းအဝေးတစ်ခုကို အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီ၌ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ရန် ပြန်လည်စီစဉ်သတ်မှတ်ခဲ့ကြောင်း ဧပြီ ၁၆ ရက် နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဋ္ဌ၏...