နယူးယောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထိန်းချုပ်ရေးတာဝါမျှော်စင်တွင် ရေယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် စနေနေ့ညနေပိုင်းက လေယာဉ်ခရီးစဉ်ရာပေါင်းများစွာ နှောင်းနှေ့ကြန့်ကြာခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း မီဒီယာများ၏ တနင်္ဂနွေနေ့ ဖော်ပြချက်အရ သိရသည်။
ကျိုချွမ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တုသစ် တစ်စင်းအား နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက် နံနက်ပိုင်းတွင် စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့် ကမ္ဘာ့ပါတီများ ထိပ်သီးအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်ခ်မှတဆင့် ပါဝင် တက်ရောက်ကာ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျေရုစလမ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး လျှပ်စစ်ဗန်ကားကြီးများ ပထမသုတ်ကို အစ္စရေးနိုင်ငံသို့ တင်ပို့၍ ရောင်းချခဲ့ရကြောင်း အစ္စရေးနိုင်ငံရှိ တရုတ်ကားတင်သွင်းသည့် လုပ်ငန်းကုမ္ပဏီက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။
စင်္ကာပူ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ လူငယ်လူရွယ်များသည် တရုတ်ကွန်မြူနစ်ပါတီ(CPC) ပါတီဝင်ဖြစ်ခွင့်ရခြင်း နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရခြင်းအပေါ် ဂုဏ်ယူလျက်ရှိ ကြောင်း စင်္ကာပူနိုင်ငံ၏ Lianhe Zaobao သတင်းစာက ဇွန် ၂ ရက်တွင် ဖော်ပြခဲ့သည်။
ဂျိုဟန်နက်စ်ဘတ် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) တောင်အာဖရိက ကျန်းမာရေးထုတ်ကုန်များထိန်းသိမ်းရန် တာဝန်ပေးထားသည့်အဖွဲ့(SAHPRA)က တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်သည့် CoronaVac COVID-19 ကာကွယ်ဆေး အသုံးပြုမှုကို ခွင့်ပြုကြောင်း ဇွန် ၃ ရက်တွင် ကြေညာခဲ့သည်။
မနီလာ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) လူပေါင်း ၈၅ ဦးတင်ဆောင်လာသော ဖိလစ်ပိုင်နိုင်ငံ လေတပ်မှ C-130 ထောက်ပို့လေယာဉ်တစ်စင်းသည် ယနေ့ တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူပြည်နယ်(Sulu) ၌ ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း လေတပ်က ဆိုသည်။
နယူးယောက် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ဇူလိုင် ၄ ရက်အထိ နိုင်ငံတစ်ဝှမ်း အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းအား COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးစီးရေး ပစ်မှတ်ထားဆောင်ရွက်နေသည့် သမ္မတဂျိုးဘိုင်ဒန်၏ ရည်မှန်းချက်ပြည့်မီခဲ့ခြင်း မရှိသေးသော်လည်း ယခုအခါ ကာကွယ်ဆေးထိုးနှံရေးစင်တာများ လျှော့ချရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း...
ပေကျင်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ ဇူလိုင် ၁ ရက်တွင်ပြောကြားခဲ့သော အရေးကြီး မိန့်ခွန်းကို အလေးအနက်ထား လေ့လာသင်ယူကြရန် ဌာနအားလုံး နှင့် ဒေသဆိုင်ရာအာဏာပိုင်များကို တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေရုံးက တိုက်တွန်းပြောကြားလိုက်သည်။
တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် စနေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြီးမားသော ရွှံ့ညွန်ပြိုကျမှုဖြစ်ပွားပြီးနောက် လူ ၂ ဦးသေဆုံးပြီး အခြား ၂၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။