Connect with us

Media

တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ်မကုန်မီ 5G ကွန်ရက်ချိတ်ဆက်မှု ၁ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်း

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ၏ 5G ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍတွင် ခင်းကျင်းပြသထားမှုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ 5G မိုဘိုင်းကွန်ရက်ချိတ်ဆက်မှုအရေအတွက်မှာ ၂၀၂၅ ခုနှစ်မကုန်မီတွင် ၁ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံတကာ မိုဘိုင်းအော်ပရေတာအသင်းဖြစ်သော GSMA လီမိတက်၏ အမှုဆောင်အရာရှိချုပ် ဂျွန်ဟော့ဖ်မန်းက ပြောခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဝူးကျန့်မြို့တွင် နိုဝင်ဘာ ၈ ရက်၌ ပြုလုပ်သော ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ဟော့ဖ်မန်းက ထည့်သွင်းပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အထူးသဖြင့် 5G အသုံးပြုတာ၊ ကဏ္ဍအသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ စီးပွားရေးပုံစံသစ်တွေ ထူထောင်တာ၊ သတ္တုတွင်းကနေ ဆိပ်ကမ်းတွေ၊ ကုန်ထုတ်လုပ်မှုတွေအထိ အရာအားလုံး ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု အရှိန်မြှင့်တင်တာတွေ တော်တော်လေး လက်တွေ့ကျကျပြုလုပ်နေပါတယ်။ ဒါဟာ 5G က စီးပွားရေးကဏ္ဍတွေအားလုံးမှာ အဆုံးမရှိတဲ့ အလားအလာတွေကို ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတာ ပြသနေပါတယ်” ဟု ဟော့ဖ်မန်းက ဆိုသည်။

တရုတ်နိုင်ငံတွင် စက်တင်ဘာလကုန်ပိုင်းအထိ 5G အခြေစိုက်စခန်း ၃.၁၈၉ သန်းရှိလာခဲ့ပြီး ပြည်နယ်ခွဲအဆင့်နှင့် ခရိုင်အဆင့်မြို့များ၏ မြို့ပြဧရိယာများအားလုံး လွှမ်းခြုံနိုင်ပြီဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံသား ၁၀,၀၀၀ လျှင် 5G အခြေစိုက်စခန်း ၂၂.၆ ခုခန့် မျှဝေအသုံးပြုလျက်ရှိကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အချက်အလက်များ၌ ဖော်ပြထားသည်။

GSMA အနေဖြင့် 5G က ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၌ အမေရိကန်ဒေါ်လာ ၁ ထရီလီယံနီးပါး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကာ ယင်းအနက် ထက်ဝက်နီးပါးမှာ ဝန်ဆောင်မှုကဏ္ဍများမှ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China expected to have 1 bln 5G connections by 2025: GSMA
HANGZHOU, Nov. 8 (Xinhua) — The number of 5G mobile connections in China will likely reach 1 billion by 2025, said John Hoffman, CEO of GSMA Ltd., an international mobile operator association.
Hoffman made the estimation during a speech at the opening ceremony of the World Internet Conference Wuzhen Summit, which kicked off on Wednesday in Wuzhen, east China’s Zhejiang Province.
“China, in particular, has been very proactive in scaling the use of 5G in vertical, establishing new business models to drive wider usage across sectors and speeding up digital transformation in everything from mining to ports and manufacturing, showing that as 5G grows it can bring endless potential to all business sectors,” Hoffman said.
As of the end of September, China had 3.189 million 5G base stations, covering all the urban areas of prefecture-level and county-level cities. Every 10,000 Chinese residents now share about 22.6 5G base stations, data from the Ministry of Industry and Information Technology showed.
GSMA expects that 5G will add nearly 1 trillion U.S. dollars to the global GDP by 2030, and almost half of this will come from the services sector.
Photo: Visitors watch exhibits displayed at the 5G telecommunication service section of the China International Fair for Trade in Services in Beijing, capital of China, on Sept. 5, 2020. (Xinhua/Zhang Chenlin)