ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်အာကာသလမ်းကြောင်းထောက်လှမ်းရေး သင်္ဘော Yuanwang-6 သည် ဂြိုဟ်တုစောင့်ကြည်ရေးတာဝန် သုံးခု ပြီးဆုံးပြီးနောက် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သင်္ဘောစတင်ထွက်ခွာခဲ့ရာ မူလဆိပ်ကမ်းသို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် တန်ဇန်းနီးယားပြည်ထောင်စုနိုင်ငံ သမ္မတ Samia Suluhu Hassan ထံ တန်ဂန်ရီကာနိုင်ငံ လွတ်လပ်ရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)အဖွဲ့ဝင် Dick Pound က ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၏ “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် ထိရောက်သည့် အကျိုးသက်ရောက်မှု များများစားစား ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဂျာမနီ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အဓိပတိအဖြစ် ရွေးကောက်ခံရသော Olaf Scholz ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲတွင် ဒီဇင်ဘာ ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကွေ့ယန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ အာရှ၏ အရှည်လျားဆုံး လိုဏ်ဂူအတွင်း နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် သက်တမ်းရှိ ပန်ဒါကြီးမျိုးရုပ်ကြွင်းအား တူးဖော်တွေ့ရှိခဲ့ကြောင်း သုတေသီများက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်၌ ဒီဇင်ဘာ ၈ ရက်ကဖြစ်ပွားသော ရဟတ်ယာဉ်ပျက်ကျမှုတွင် အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ်(CDS) ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် ၎င်း၏ ဇနီးအပါအဝင် အခြားသော လူပုဂ္ဂိုလ် ၁၂ ဦး...
နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ်(CDS) ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် အခြားသော အဆင့်မြင့်အရာရှိကြီးများလိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စင်းသည် ယနေ့ ဒီဇင်ဘာ ၈ ရက် တွင် အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများ၏...
ဟူစတန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အလယ်ပိုင်း တက္ကဆက်စ်ပြည်နယ် တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သည့် ဟူစတန်မြို့၌ စွန့်ပစ်ရေဆိုးထဲတွင် COVID-19 ရောဂါ မျိုးဗီဇပြောင်းပိုးအား တွေ့ရှိခဲ့ပြီး မျိုးဗီဇအသစ်၏ ဒေသတွင်းပြန့်နှံမှုအား အတည်ပြုလိုက်ကြောင်း ဟူစတန်မြို့ တာဝန်ရှိသူများက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် COVID-19 ရောဂါရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း ၎င်း၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။