Connect with us

Media

မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းမှုရှိစေရန် ကတိကဝတ်များ ထပ်လောင်းပြောကြား

ဆိုးလ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် မြောက်ကိုရီးယားသို့ အလည်အပတ်ရောက်ရှိနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ အောက်တိုဘာ ၁၉ ရက်တွင် ပြုံယမ်းမြို့၌ တွေ့ဆုံခဲ့ကြောင်း Korean Central News Agency (KCNA) က အောက်တိုဘာ ၂၀ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်၊ မြောက်ကိုရီးယားနိုင်ငံ သမ္မတလည်းဖြစ်သူ ကင်က ယခင်လတွင် ရုရှားနိုင်ငံ၌ သမ္မတ ဗလာတီမာပူတင်နှင့် ၎င်းတို့တွေ့ဆုံခဲ့ခြင်းကို ပြန်လည်သုံးသပ်ပြောကြားခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်များကို “ယုံကြည်မှုရှိစွာ” အကောင်အထည်ဖော်သွားလိုကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။ ထို့ပြင် ယင်းနေ့တွင်ပင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့လည်း တွေ့ဆုံခဲ့ကြောင်း KCNA သတင်းအရ သိရသည်။ (Xinhua)

……………………………
(English Version)
Top DPRK leader affirms commitment to strengthen bilateral ties in meeting with Russian FM
SEOUL, Oct. 20 (Xinhua) — Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), met in Pyongyang with visiting Russian Foreign Minister Sergei Lavrov on Thursday, the official Korean Central News Agency (KCNA) reported Friday.
During the meeting, Kim, general secretary of the Workers’ Party of Korea and president of the State Affairs of the DPRK, reviewed his meeting with Russian President Vladimir Putin last month in Russia and reaffirmed the DPRK’s willingness to “faithfully” implement the agreements reached by the two leaders, the report said.
DPRK Foreign Minister Choe Son Hui met with her Russian counterpart on the same day, the KCNA said.