ဝူးလူမုချီ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ရှိ နှင်းလျှောစီးအပန်းဖြေနေရာတစ်ခု၌ အသက် ၈၇ နှစ် အရွယ်ရှိ လျိုကျစ်ဟွာသည် ငယ်ရွယ်သော နှင်းလျှောစီးအားကစားဝါသနာအိုးများကဲ့သို့ပင် ဆင်ခြေလျှော မှ လျှင်လျှင်မြန်မြန် နှင့် ကျွမ်းကျင်စွာ လျှောဆင်းသွားခဲ့သည်။
ဟာအယ်ပင်း၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) နှင်းစီးမော်တော်ကား မောင်းနှင်ပွဲ၊ မြင်းဆွဲစွတ်ဖားစီးခြင်းနှင့် သာယာလှပသော တောင်တန်းရှုခင်းများ၊ ရေခဲပြင် နှင့် ဆီးနှင်းများသည် တရုတ်နိုင်ငံ မြောက်ဘက်စွန်း ဟေးလုံကျန်း ပြည်နယ်တွင် ခရီးသွားများ ဆွဲဆောင်ရာနေရာ ဖြစ်လာသည်။ (Xinhua)
တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ဆေးဝါးထုတ်လုပ်သည့်စနစ်များသည် စွမ်းဆောင်ရည်ပြည့် လည်ပတ်ခဲ့ပြီး COVID-19 ရောဂါလက္ခဏာများအတွက် ဆေးဝါးများ၏ ဈေးကွက်ထောက်ပံ့မှု တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/C3O ————————————- InPics: Pharmaceutical production lines run at full capacity in N China’s Tianjin...
ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) အသက်ဝင်သည်မှာ တစ်နှစ်နီးပါး ရှိလာသောကြောင့် ဒေသဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍအား ဆွေးနွေးရန် ဒီဇင်ဘာ ၂၃ ရက်တွင် အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/C2Z ————————————- Forum held to discuss role of youth in...
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဓိကကျသော ကျေးလက်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ၌ လယ်ယာစိုက်ပျိုးရေးတွင် တရုတ်နိုင်ငံ၏ စွမ်းအားကို မြှင့်တင်ရန် အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua) xhtxs.cn/C3a ——————————– Xi Focus: Xi stresses building up China’s strength in agriculture at...
တရုတ်နိုင်ငံရှိ ဒေသအများအပြားတွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့ရှိရသောကြောင့် ဒေသအစိုးရများသည် ပြင်းထန်သောရောဂါဖြစ်ပွားမှုများအား ကာကွယ်ရန် လျင်မြန်ပြီးတိကျမှန်ကန်သော အစီအမံများအား လုပ်ဆောင်လျက် ရှိကြောင်း နှင့် ကပ်ရောဂါတိုက်ဖျက်ရေး အတားအဆီးအား တည်ဆောက်လျက်ရှိကြောင်း သိရသည်။ (Xinhua) xhtxs.cn/C3p ——————————– China Focus: Efforts made to...
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို နောက်ခံပြုသည့်အခြေခံသဘောတရားများသည် လွန်ခဲ့သည့် သုံးနှစ်ကနှင့် နှိုင်းယှဉ်ပါက လုံးဝနီးပါး ကွဲပြားနေလိမ့်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များ၏ ပြောကြားချက်အား CNBC က ဖော်ပြခဲ့သည်။ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေးနှင့် စားသုံးမှုတို့သည် အဓိကမောင်းနှင်အားများ ဖြစ်လာကြကြောင်း သိရသည်။ (Xinhua) ……………………………….. (English Version) The elements underpinning...
ပြင်သစ်နိုင်ငံ”လူမျိုးရေးခွဲခြားမှုသဘောသဘာဝ” ကြောင့် ဖြစ်ပွားသော ပါရီပစ်ခတ်မှုတွင် လူ ၃ ဦး သေဆုံးခဲ့ပြီး အသက် ၆၉ နှစ်အရွယ် သေနတ်သမားကို ရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ (Xinhua) …………………………………………… (English Version) 3 dead in #ParisShooting of “racist nature”,...
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Sirindhorn ရေကာတာရှိ ရေပေါ်ဆိုလာစီမံကိန်းက တစ်နှစ်လျှင် ပျမ်းမျှ အသားတင်စွမ်းအင် ကီလိုဝပ်နာရီ(kwh) သန်း ၉၀ ထုတ်လုပ်နိုင်ရာ ကုန်ကျစရိတ်နည်းပါး၍ တည်ငြိမ်သော ၊ ဂေဟစနစ်နှင့် သဟဇာတဖြစ်စေသော စွမ်းအင် ရည်မှန်းချက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ကြောင်း ထိုင်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua) …………………………………. (English...
အမေရိကန်နိုင်ငံ ၌ ယခုရာသီ ယနေ့အချိန်အထိတွင် ရာသီတုပ်ကွေးကြောင့် အနည်းဆုံး ဖျားနာသူ ၁၈ သန်း၊ ဆေးရုံတက်ရောက်ရသူ ၁၉၀,၀၀၀ ဦး ၊ သေဆုံးသူပေါင်း ၁၂,၀၀၀ ဦး ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ ခန့်မှန်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua) ……………………………….....