Connect with us

Economy

တရုတ်နိုင်ငံ၏ ပင်လယ်ကူး အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာ

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများဆောင်ရွက်နေသော မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မြေထဲပင်လယ်ဒေသပုံစံ ဒီဇိုင်း၊ ကမ္ဘာ့စားသောက်ဖွယ်ရာနှင့် ခမ်းနားသော ဖက်ရှင်ဆိုင်များ အပြင်အဆင်များဖြင့် ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး “Mediterranea” သည် ဂျပန်နိုင်ငံ ဆာဆယ်ဘိုမြို့နှင့် ဖူကူအိုကာမြို့သို့ ခရီးပြုရန် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့မှ စက်တင်ဘာ ၃၀ ရက်က ထွက်ခွာလာခဲ့သည်။အဆိုပါ သင်္ဘောကြီးသည် ခရီးသည် ၂,၅၀၀ ကျော် တင်ဆောင်သွားခဲ့ကြောင်း ထိုသင်္ဘောအား လည်ပတ်သူ Adora Cruises ကုမ္ပဏီ၊ စီးပွားရေးတိုးတက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Guo Jia က ပြောခဲ့သည်။

“‘Mediterranea’ သင်္ဘောက တရုတ်နိုင်ငံ မြောက်ပိုင်းက ခရီးသွားဧည့်သည်တွေရဲ့ တောင်းဆိုချက်နဲ့ ပြည့်မီအောင် ခရီးရှည် ၄ ခု မောင်းနှင်မှာ ဖြစ်ပါတယ်” ဟု Guo က ဖြည့်စွက်ပြောခဲ့သည်။
တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနက နိုင်ငံအတွင်းရှိ ဆိပ်ကမ်းများ၌ နိုင်ငံတကာ အပျော်စီးသင်္ဘော အဝင်/အထွက် လုပ်ငန်း အပြည့်အဝပြန်လည်စတင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က ကြေညာခဲ့သည်။

ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး “Dream” သည်လည်း တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း ခရီးစဉ်အတွက် ထျန်းကျင်းမြို့ရှိ ဆိပ်ကမ်းမှ စက်တင်ဘာ ၂၇ ရက်၌ ထွက်ခွာသွားပြီဖြစ်သည်။ ထို့ပြင် “Blue Dream Star” အပျော်စီးသင်္ဘောကလည်း ဂျယ်ဂျူးကျွန်းနှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့သို့ ခရီးစဉ်အဖြစ် ခရီးသည် ၁,၀၀၀ နီးပါးကို တင်ဆောင်လျက် ချင်းသောင်မြို့မှ စက်တင်ဘာ ၂၉ ရက်က ထွက်ခွာသွားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းကဏ္ဍက တစ်ဆင့်ပြီးတစ်ဆင့် အပြည့်အဝ ပြန်လည်အားကောင်းလာပါပြီ” ဟု ရှန်ဟိုင်းတက္ကသိုလ် အင်ဂျင်နီယာသိပ္ပံ၊ စီမံခန့်ခွဲမှုကျောင်း လက်ထောက်ဌာနမှူး Ye Xinliang က ပြောခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ အကြီးဆုံး ပင်လယ်ကူးသင်္ဘောကြီးများ တည်ရှိသောနေရာဖြစ်သည့်အားလျော်စွာ ထျန်းကျင်း နိုင်ငံတကာ ပင်လယ်ကူး အပျော်စီးသင်္ဘောဆိပ်ကမ်းတွင် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘော ၈၈၀ ကျော်၊ ပြည်တွင်း၊ ပြည်ပ ခရီးသည် ၄.၂၆ သန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)
………………………………
China’s cruise tourism industry sees promising revival
TIANJIN, Oct. 9 (Xinhua) — Boasting Mediterranean-style décor, global cuisine and boutique shopping, the cruise ship “Mediterranea” left north China’s Tianjin on Sept. 30 for Sasebo and Fukuoka in Japan.
Guo Jia, director of business development of Adora Cruises, which operated the cruise, said that the ship carried more than 2,500 passengers on departure, which was close to full capacity.
“The ‘Mediterranea’ will make four voyages in October to meet the demand of tourists from north China,” Guo added.
On Sept. 19, China’s Ministry of Transport announced the full resumption of international cruise ship transport to and from ports in the country.
On Sept. 27, the cruise ship “Dream” left its home port of Tianjin for a voyage to the island of Jeju, the Republic of Korea. On Sept. 29, the cruise ship “Blue Dream Star” set sail from Qingdao, carrying nearly 1,000 passengers on a journey to the island of Jeju and east China’s Shanghai.
“China’s international cruise tourism sector is fully recovering step by step,” said Ye Xinliang, deputy dean of the School of Management, Shanghai University of Engineering Science.
As the largest cruise home port in northern China, Tianjin International Cruise Home Port has received over 880 international cruise ships and handled more than 4.26 million inbound and outbound passengers.
Photo 1: This aerial photo taken on Sept. 22, 2023 shows the cruise ships “Mediterranea” and “Dream” docked at a port in north China’s Tianjin Municipality. (Xinhua)
Photo 2: Cruise ship “Blue Dream Star” is pictured at a port in Qingdao, east China’s Shandong Province, before setting sail for the Republic of Korea with nearly 1,000 tourists, in this aerial photo taken on Sept. 29, 2023. (Xinhua/Li Ziheng)