ဖနွမ်းပင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကိုဗစ်-၁၉ (COVID-19) ကာကွယ်ဆေးအသစ်များ ကမ္ဘောဒီးယားနိုင်ငံသို့ အောက်တိုဘာ ၁၄ ရက်က ထပ်မံရောက်ရှိလာခဲ့ပြီး ကမ္ဘောဒီးယားအနေဖြင့် ယခုနှစ်မကုန်မီ နယ်မြေအားလုံး၌ လူမှု-စီးပွားရေးလှုပ်ရှားမှုများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ “တရုတ်နိုင်ငံ အစိုးရက ကမ္ဘောဒီးယားနိုင်ငံ...
ထိုက်ယွမ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၄ ရက် ပေကျင်းစံတော်ချိန် ည ၆ နာရီ ၅၁ မိနစ်အချိန်တွင် ပထမဆုံး နေစကြဝဠာ စူးစမ်းလေ့လာရေးဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် ၂၇၅၈ ကိုဆန့်ကျင်ကာ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ၏ ထပ်ဖန်တလဲလဲ ပုံဖျက်ပြောဆိုမှုများနှင့်ဝေဖန်မှုများကို တရုတ်ပြည်မအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
အန်ကာရာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရုရှားနှင့် အမေရိကန်တို့သည် ကာ့ဒ်ပြည်သူကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများအား ထိန်းချုပ်၍ ဆီးရီးယားမြောက်ပိုင်း နယ်စပ်နှင့်ဝေးရာသို့ ပို့ဆောင်မည်ပေးမည်ဟူသော ၎င်းတို့၏ ကတိအား ပျက်ကွက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက်တွင် စွပ်စွဲလိုက်သည်။
ကျိုချွမ်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) Shenzhou-13 လူတင်အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၆ ရက် ပေကျင်းစံတော်ချိန် ၀၀:၃၀ မိနစ်တွင် လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ (CMSA)က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ချုံချင့်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံ ကွန်ရက်ချိတ်ဆက်မှုကဏ္ဍမူဘောင်အတွင်း အောက်တိုဘာ ၁၂ ရက်အထိ အမေရိကန်ဒေါ်လာ ၁၇.၁၆ ဘီလီယံ တန်ဖိုးရှိသော နယ်စပ်ဖြတ်ကျော်ငွေကြေးထောက်ပံ့မှုစီမံကိန်း ၁၉၂ ခု အား လက်မှတ်ရေးထိုးခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနှင့် အမေရိကန်အစိုးရတို့သည် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း တိုးတက်မှုအခြေအနေရ နိုဝင်ဘာလတွင် ၎င်းတို့၏ နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရန် သဘောတူညီခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
ဂျကာတာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) COVID-19 ပိုးတွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက် လျော့နည်းသည့် နိုင်ငံ ၁၉ နိုင်ငံမှ နိုင်ငံတကာခရီးသည်များအား အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခွင့်ပြုထားကြောင်း အင်ဒိုနီးရှား ရေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က အောက်တိုဘာ...
ရှန်ဟိုင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ပြပွဲအတွင်း၏ အွန်လိုင်းပြပွဲ ပြင်ဆင်မှုကာလကို အောက်တိုဘာ ၁၃ ရက်၌ စတင်လိုက်ပြီး နိုင်ငံအသီးသီးမှ ၎င်းတို့၏ ယကျေးမှု၊ စက်မှုလုပ်ငန်းသွင်ပြင်လက္ခဏာများနှင့် ကုန်စည်များအား ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စိန်ရန် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ)