Connect with us

Media

ကူဝိတ်နိုင်ငံက နိုင်ငံတကာ ငွေအကြွေစေ့နှင့် ငွေစက္ကူပြပွဲ ကျင်းပ

ကူဝိတ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ကူဝိတ်အမျိုးသားပြတိုက်က ဒုတိယအကြိမ် နိုင်ငံတကာ ငွေအကြွေစေ့နှင့် ငွေစက္ကူပြပွဲ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ယင်းပြပွဲအား ကူဝိတ်စာပို့တံဆိပ်ခေါင်းစုဆောင်းသူ နှင့် အကြွေစေ့စုဆောင်းသူများအသင်းနှင့် ပူးပေါင်းကာ ယဉ်ကျေးမှု ၊ အနုပညာနှင့်စာပေဆိုင်ရာ အမျိုးသားကောင်စီ(NCCAL) ၏ အားပေးမှုဖြင့် စက်တင်ဘာ ၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ကူဝိတ် ၊ အီဂျစ် ၊ ပါလက်စတိုင်း ၊ အီရန် ၊ အာဖဂန်နစ္စတန် ၊ ဆော်ဒီအာရေဗျ ၊ အိန္ဒိယ ၊ ဗြိတိန် နှင့် အခြားနိုင်ငံများ အပါအဝင် မတူညီသော ခေတ်များ နှင့် ဒေသများမှ ငွေအကြွေစေ့များနှင့် ငွေစက္ကူများအား ပြသလျက် ရှိကြောင်း သိရသည်။

အဆိုပါပြပွဲသည် နိုင်ငံများ၏ ငွေကြေးစနစ် နှင့် ယဉ်ကျေးမှုနှင့်သမိုင်းကြောင်းဆိုင်ရာ မတူကွဲပြားမှုတို့အား ပြသရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

# ##PaperCurrencies #Exhibition #ကူဝိတ်နိုင်ငံ #ငွေအကြွေစေ့ #ငွေစက္ကူ #ပြပွဲ #foryou #news #Xinhua #XinhuaMyanmar
…………………………….
(English Version)
Kuwait holds Int’l Coins and Paper Currencies Exhibition
The Kuwait National Museum is hosting the second edition of the International Coins and Paper Currencies Exhibition.
The exhibition opened on Monday under the patronage of the National Council for Culture, Arts and Literature (NCCAL) and in collaboration with the Kuwait Philatelic and Coin Collectors Association.
It showcases coins and paper currencies from different eras and regions, including Kuwait, Egypt, Palestine, Iran, Afghanistan, Saudi Arabia, India, United Kingdom, and more.
The exhibition aims to highlight the cultural and historical diversity of the countries and their monetary systems.
Xinhua News Agency correspondents reporting from Kuwait City.(XHTV)