ပေကျင်း ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ရန်အစီအစဉ်(၂၀၁၆-၂၀၂၀) ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း တတိယအစုအဖွဲ့ကျွမ်းကျင်ပညာရှင်များမှ ထုတ်ပြန်သော အကဲဖြတ်မှတ်တမ်းတစ်ခုအရ သိရသည်။
ဖနွမ်းပင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ၃ သန်း ပါဝင်သောအသုတ်သစ်တစ်သုတ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ စက်တင်ဘာ ၂၈ ရက်၌ ရောက်ရှိလာခဲ့ကြောင်း အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်သည် BRICS New Development Bank (NDB) ၏ ပထမဆုံးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာခဲ့ကြောင်း ၎င်းဘဏ် ဥက္ကဋ္ဌ Marcos Troyjo က စက်တင်ဘာ ၂၈ ရက်တွင်ပြောခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အာဖဂန်အစိုးရတာဝန်ရှိသူများက အာဖဂန်ပိုက်နက် ဝေဟင်အပေါ် မောင်းသူမဲ့ဒရုန်းဖြင့် ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့်အတူ ၁၁ ကြိမ်မြောက် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအား စက်တင်ဘာ ၂၈ ရက်၌...
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးအချက်အချာဖြစ်သည့် ရှန်ဟိုင်းတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ သွားရောက်သည့် ကုန်ရထားဝန်ဆောင်မှုကို အင်္ဂါနေ့တွင် စတင်ခဲ့ရာ ရှန်ဟိုင်း-ဥရောပ နယ်စပ်ဖြတ်ကျော် ပထမဆုံး ရထားဝန်ဆောင်မှုစတင်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းက စက်တင်ဘာ ၂၈ ရက်တွင် ပင်လယ်နက်ပေါ် ပျံသန်းနေသည့် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းအား အတူလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန် ၊ ဗြိတိန် နှင့် ဩစတြေးလျ တို့၏ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုထားသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာနှင့်ပတ်သက်၍ မမြင်နိုင်သော အန္တရာယ် သုံးခုဟူ၍ မီးမောင်းထိုးပြောကြားခဲ့သည်။
ကီတို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayaquil ကမ်းရိုးတန်းမြို့၌ တည်ရှိသော Litoral အကျဉ်းထောင်၌ စက်တင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသည့် ထောင်ဆူမှုအတွင်း အကျဉ်းသား ၂၄ ဦးထက်မနည်း သေဆုံးကာ အခြား ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ...
ဝူကျန့်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ် ကမ္ဘာ့အင်တာနက် ညီလာခံအားတရုတ်နိုင်ငံ အရှေ့ပိုင်းဝူကျန့်မြို့တွင်ကျင်းပလျက်ရှိသည်။ တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် အွန်လိုင်းမှကုသသောဆေးရုံများ တည်ထောင်မှု ၌ ခေတ်မီဝန်ဆောင်မှုများစွာကို ကနဦး စတင်အကောင်အထည်ဖော်ဆောင်ခဲ့သည့် အင်တာနက်ဆေးရုံတစ်ခုဖြစ်သော ဝူကျန့်အင်တာနက်ဆေးရုံကို ဆင်ဟွာသတင်းထောက် ကျန်းလီနှင့်အတူ လိုက်ပါလေ့လာကြည့်ရှုရန်ဖိတ်ခေါ်ပါသည်။ (Xinhua) ………………………… (English Version)...