Connect with us

Videos

တရုတ်နိုင်ငံ၏ AI ရင်းနှီးမြှုပ်နှံမှုက ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်း

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဉာဏ်ရည်တုနည်းပညာ (AI) ၌ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈.၁ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့စုစုပေါင်း၏ ၉ ရာခိုင်နှုန်းရှိကြောင်း ယင်းလုပ်ငန်းအစီအရင်ခံစာအရ သိရသည်။တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း AI ကဏ္ဍ၌ စွမ်းဆောင်ရည် ဆက်လက်မြှင့်တင်လျက်ရှိကြောင်း ကမ္ဘာ့ဈေးကွက် သုတေသနလုပ်ငန်းဖြစ်သော International Data Corporation (IDC) က ပြောခဲ့သည်။

အစိုးရ၏ ပံ့ပိုးမှုနှင့် လျင်မြန်သော စက်မှုလုပ်ငန်းအဆင့်မြှင့်တင်မှုများဖြင့် အနာဂတ်တွင် AI နည်းပညာသည် စက်မှုလုပ်ငန်းအမျိုးမျိုး၏ လိုအပ်ချက်များကို ပေါင်းစည်းပေးမည်ဖြစ်ကာ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် စီးပွားရေးပုံစံများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဟု IDC က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————-
China’s AI investment expected to exceed 38 bln USD in 2027
BEIJING, Aug. 26 (Xinhua) — China’s investment in artificial intelligence (AI) is estimated to reach 38.1 billion U.S. dollars in 2027, accounting for about 9 percent of the world’s total, according to an industry report.
China has continued to boost its prowess in the AI sector in recent years, said global market research firm International Data Corporation (IDC).
In the future, with government support and a rapid pace of industrial upgrades, AI technology will integrate with diverse industry demands and become a part of products, services and business models, the IDC added.