အော့တဝါ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒိုက နိုင်ငံအနောက်ပိုင်း Kamloops မြို့ရှိ ယခင်ဒေသခံ မျိုးနွယ်စု စာသင်ကျောင်းတစ်ခုတွင် ကလေးငယ်ရုပ်အလောင်း ၂၁၅ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းကို တုံ့ပြန်ဆောင်ရွက်ရာတွင် သူ၏ အစိုးရအနေဖြင့် ရှေ့ဆက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) လူ ၇ ဦး လိုက်ပါသွားသည့် ဂျက်လေယာဉ်ငယ်တစ်စင်းသည် Tennessee ပြည်နယ်ရှိ ရေကန်တစ်ကန် အတွင်းသို့ မေ ၂၉ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ငယ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း တာဝန်ရှိသူများက မေ ၂၉ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။...
ဘန်ဂလော ၊ အိန္ဒိယ ၊ မေ ၃၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ်၌ COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေစဉ် ဘန်ဂလောမြို့ရှိ လူနေထူထပ်သောရပ်ကွက်များပေါ် လေယာဉ်ပျံဖြင့် ပိုးသတ်ဆေးဖျန်းပက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua) ———————————— (English Version) Asia Album: Aircraft sprays...
စိန်ရန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) မာလီနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ၈ ဖွဲ့မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၄၁၃ ဦးစလုံးကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင် ၎င်းတို့၏ ထူးချွန်သောပံ့ပိုးလုပ်ဆောင်မှုများအပေါ် အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံရကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင်...
ဝါရှင်တန်၊မေ ၃၀ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(IMF) ညွှန်ကြားရေးမှူးချုပ် Kristalina Georgieva က တရုတ်နိုင်ငံ၏ ပြည်တွင်း နှင့် ပြည်ပနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံနိုင်အောင် အရှိန်မြှင့်တင် လုပ်ဆောင်ပေးနေသည့် ကြိုးပမ်းအားထုတ်မှုများအပေါ် ချီးကျူးလိုက်ပြီး လက်ရှိကပ်ရောဂါမူဝါဒသည် အကောင်းဆုံးစီးပွားရေးမူဝါဒဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ လူဦးရေ...
ဆောပိုလို၊ မေ ၂၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ Sergipe ပြည်နယ် Aracaju မြို့ရှိ ပြည်သူ့ဆေးရုံတစ်ရုံ၌ မေ ၂၈ ရက်တွင် COVID-19 လူနာများထားရှိရာနေရာ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များကပြောကြားခဲ့သည်။ Aracaju မြို့ရှိ Doctor Nestor...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မောင်းသူမဲ့ကား၏ လုံခြုံရေးစမ်းသပ်မောင်းနှင်မှု ခရီးမိုင်ပေါင်း ကီလိုမီတာ ၃ သန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပေကျင်းမြို့၌ မောင်းသူမဲ့မော်တော်ယာဉ် စမ်းသပ်မောင်းနှင်မှုလမ်းကြောင်း ၂၂၆ ခုရှိပြီး စုစုပေါင်း ၇၅၂.၄ ကီလိုမီတာခန့်ရှိလာပြီဖြစ်ကြောင်း Beijing Innovation...
ကိုလံဘို၊ မေ ၂၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းအနီး X Press Pearl သင်္ဘောမီးလောင်မှုဖြစ်ပွားပြီးနောက် အဓိက သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်းနှင့် သက်ရောက်မှုအား အကဲဖြတ်လျက်ရှိကြောင်း ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအာဏာပိုင်အဖွဲ့ (MEPA) က မေ ၂၈ ရက်၌ ပြောကြားခဲ့သည်။ သီရိလင်္ကာ...
ဝါရှင်တန်၊ မေ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်အား မေ ၂၈ ရက်အထိ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ အချက်အလက်များအရ သိရသည်။ အမေရိကန်လူဦးရေ၏ ၁၃၃ သန်းကျော်မှာ အပြည့်အဝကာကွယ်ဆေးထိုးနှံပြီးဖြစ်ကာ ၁၆၆...
ဘရပ်ဆဲလ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ဥရောပဆေးဝါးအေဂျင်စီ (EMA) က အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်ရှိသူများအတွက် Pfizer-BioNTech COVID-19 ကာကွယ်ဆေးအသုံးပြုရန် မေ ၂၈ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။ Pfizer-BioNTech သည် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော...