Connect with us

Videos

ASEAN+3 မူဘောင်အရ လာအိုနိုင်ငံသို့ အရေးပေါ်ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ ပေးပို့

ဗီယင်ကျန်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကြား အာဆီယံ+ တရုတ် ၊ ဂျပန် နှင့် တောင်ကိုရီးယား (ASEAN+3) မူဘောင်အရ အရေးပေါ်ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့သည်။အဆိုပါ အခမ်းအနားသို့ လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Phaivanh Keopaseuth ၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဝမ်ချန်း၊ တရုတ်နှင့် လာအိုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

လာအိုနိုင်ငံထံ တရုတ်နိုင်ငံမှ လွှဲပြောင်းပေးအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် နှစ်နိုင်ငံ ပါတီနှင့် ခေါင်းဆောင်များက ရရှိထားသော ဗျူဟာမြောက် သဘောတူညီချက်များ အကောင်အထည်ဖော်ရန် အရေးပါသော ဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဝမ်ချန်းက ပြောခဲ့သည်။

ယခုကဲ့သို့ ပေးအပ်ခြင်းသည် ASEAN Plus Three အရေးပေါ်ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ အရန်ထားရှိမှုစင်တာ၏ ပထမဆုံးလက်တွေ့ဆောင်ရွက်မှုဖြစ်သလို ဒေသတွင်း ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအတွက် စတင်မှတ်အသစ်လည်းဖြစ်သည်။လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Phaivanh Keopaseuth က လာအိုနိုင်ငံ၏ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံ၏ အားကောင်းသောပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံမှ ပေးအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများက လာအိုနိုင်ငံအတွက် ၂၀၂၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရေး ပြင်ဆင်မှုအပေါ် အရေးပါသောပံ့ပိုးကူညီမှုလည်း ဖြစ်မည်ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)
—————————

Emergency medical supplies delivered to Laos under ASEAN+3 framework
A handover ceremony of emergency medical supplies under ASEAN plus China, Japan and South Korea (ASEAN+3) framework between China and Laos, was held in Lao capital Vientiane on Friday.
Deputy Minister of the Lao Ministry of Health Phaivanh Keopaseuth, charge d’affaires of the Chinese Embassy in Laos Wang Chang, and representatives from China and Laos attended the ceremony.
Speaking at the ceremony, Wang Chang said the handover of medical supplies from China to Laos is an important measure to implement the strategic consensus reached by the top leaders of the two parties and countries.
This is the first practice of the ASEAN Plus Three emergency medical supplies reserve center and a new starting point for regional health cooperation.
Lao Deputy Minister of Health Phaivanh Keopaseuth expressed his gratitude to China for its strong support for Laos’ medical and health work.
He said that the medical equipment provided by China will be an important contribution in preparation for Laos’ chairmanship of ASEAN in 2024.
Xinhua News Agency correspondents reporting from Vientiane.(XHTV)