ကိုလံဘို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များအနက် တစ်ခုဖြစ်သည့် Sri Jayewardenepura တက္ကသိုလ်မှ သုတေသီများက တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးသည် ကမ္ဘာအနှံ့ ထင်ရှားလာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုး ဖြစ်သည့် Delta မျိုးဗီဇအား တိုက်ဖျက်ရာတွင် အလွန်အစွမ်းထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်တပ်ဖွဲ့များသည် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုရှိသည့် ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘတ် (al-Shabaab) စစ်သွေးကြွအဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့စွန်၌ ဇူလိုင် ၂၀ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံတကာလေကြောင်း နှင့်အာကာသဝန်ဆောင်မှုပြပွဲ (MAKS)-2021 တွင် ၎င်းတို့၏ ပဉ္စမမျိုးဆက် အပေါ့စား အင်ဂျင်တစ်လုံးတပ် ဂျက်တိုက်လေယာဉ် “Checkmate” ကို ပထမဆုံး ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းနက္ခတ္တဗေဒပြတိုက်တွင် တရုတ်အာကာသစခန်းပင်မခန်း Tianhe၏ပုံစံငယ်အား ပြသထားသည်။
တိုကျို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက COVID-19 ရောဂါ ပျံနှံ့နေသည့်ကြားမှ တိုကျိုအိုလံပစ် အားကစားပွဲများအား အောင်မြင်စွာ ပြုလုပ်နိုင်ရန် ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့သည်။
တိုကျို ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသမီးဂျွမ်းဘားအသင်းမှ အိုလံပစ် အရံကစားသမား Kara Eaker သည် တိုကျိုမြို့အနီး လေ့ကျင့်ရေးစခန်းတစ်ခု၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ရီယာ့ဒ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံက ဟာ့ဂျ်ဘုရားဖူးရာသီတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါနှင့် အခြား ကူးစက်တတ်သောရောဂါများမှ ကင်းလွတ်သည်ဟု ကြေညာခဲ့ကြောင်း Al Ekhbariay ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။
ဒမတ်စကက်စ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်ရှိ စစ်ဖက်ဆိုင်ရာပစ်မှတ်များကို ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SANA နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကဘူးလ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ သမ္မတနန်းတော်အား ဦးတည်၍ ယနေ့ ဇူလိုင် ၂၀ ရက်တွင် ဒုံးကျည်အစင်းပေါင်းများစွာဖြင့် ပစ်လွှတ်တိုက်ခိုက်ခံရကြောင်း ၊ သို့သော် ပစ်မှတ်ကိုထိမှန်ခြင်းမရှိကြောင်း အစိုးရအရာရှိများ နှင့် မီဒီယာက ဖော်ပြခဲ့သည်။
ဘန်ကောက် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်နှံ့မှုအား ထိန်းချုပ်ရန် အလို့ငှာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များသွားလာမှုကို ဇူလိုင် ၂၁ ရက်မှစတင်၍ ထပ်မံကန့်သတ်သွားမည် ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောခွင့်ရပုဂ္ဂိုလ် Taweesin Visanuyothin က ဇူလိုင် ၁၉ ရက်တွင်...