ဝူးလူမုချီ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါလူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စွမ်းအင်တည်ဆောက်မှုအား တိုးတက်ကောင်းမွန်အောင်နှင့်လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ၁၀ လကြာကာလတွင် စွမ်းအင်သစ်၏ဓါတ်အား ထုတ်လုပ်မှုပမာဏ ကိန်းဂဏန်းနှစ်လုံးထိ တိုးတက်ခဲ့ကြောင်း သိရသည်။
ဂျီနီဗာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) အိုမီခရွန် (Omicron) မျိုးဗီဇပြောင်းဗိုင်းရပ်စ်၏ ကမ္ဘာတစ်ဝန်း ပျံ့နှံ့မှုနှင့် ဗီဇမျိုးကွဲအမြောက်အများ အပါအဝင် ၎င်း၏ သေချာသောအသွင်အပြင်က ကိုဗစ်-၁၉ (COVID-19) ရောဂါဖြစ်ပွားမှုအပေါ် အဓိကသက်ရောက်မှုဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်အာကာသလမ်းကြောင်းထောက်လှမ်းရေး သင်္ဘော Yuanwang-6 သည် ဂြိုဟ်တုစောင့်ကြည်ရေးတာဝန် သုံးခု ပြီးဆုံးပြီးနောက် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သင်္ဘောစတင်ထွက်ခွာခဲ့ရာ မူလဆိပ်ကမ်းသို့ ပြန်သွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (Xi Jinping) သည် တန်ဇန်းနီးယားပြည်ထောင်စုနိုင်ငံ သမ္မတ Samia Suluhu Hassan ထံ တန်ဂန်ရီကာနိုင်ငံ လွတ်လပ်ရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)အဖွဲ့ဝင် Dick Pound က ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၏ “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် ထိရောက်သည့် အကျိုးသက်ရောက်မှု များများစားစား ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဂျာမနီ ဆက်ဆံရေးအား အဆင့်သစ်တစ်ခုသို့ မြှင့်တင်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အဓိပတိအဖြစ် ရွေးကောက်ခံရသော Olaf Scholz ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲတွင် ဒီဇင်ဘာ ၈ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
ကွေ့ယန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ အာရှ၏ အရှည်လျားဆုံး လိုဏ်ဂူအတွင်း နှစ်ပေါင်း ၁၀၀,၀၀၀ ကျော် သက်တမ်းရှိ ပန်ဒါကြီးမျိုးရုပ်ကြွင်းအား တူးဖော်တွေ့ရှိခဲ့ကြောင်း သုတေသီများက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်၌ ဒီဇင်ဘာ ၈ ရက်ကဖြစ်ပွားသော ရဟတ်ယာဉ်ပျက်ကျမှုတွင် အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ်(CDS) ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် ၎င်း၏ ဇနီးအပါအဝင် အခြားသော လူပုဂ္ဂိုလ် ၁၂ ဦး...
နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ်(CDS) ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် အခြားသော အဆင့်မြင့်အရာရှိကြီးများလိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စင်းသည် ယနေ့ ဒီဇင်ဘာ ၈ ရက် တွင် အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများ၏...