Connect with us

မြန်မာ-ENG

လာအိုနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း “တာလင်” ချဉ်းကပ်လာသဖြင့် သတိပေးချက်ထုတ်ပြန်ထား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန်းကျန့်မြို့ ကမ်းရိုးတန်းဧရိယာ၌ လုံခြုံရေးတာဝန်ယူနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တိုင်ဖွန်းမုန်တိုင်း “တာလင် (Talim)” က လာအိုနိုင်ငံအား ဇူလိုင် ၁၈ ရက်အထိတိုင်အောင် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်သဖြင့် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် မုန်တိုင်းသက်ရောက်မှု အလားအလာများကို ရင်ဆိုင်ဖို့အသင့်ပြင်ထားရန် တိုက်တွန်းထားကြောင်း သိရသည်။]
ပြည်သူများအနေဖြင့် ၎င်းတို့၏နေအိမ်များနှင့် ပိုင်ဆိုင်ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားကြရန် လာအိုနိုင်ငံ သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းတွင်လည်း ဇူလိုင် ၁၇ ရက် နံနက်အစောပိုင်းက လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၀ ကီလိုမီတာနှုန်းဖြင့် တိုင်ဖွန်းမုန်တိုင်း “တာလင်” ဝင်ရောက်ခဲ့ကြောင်းနှင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားသွားကာ ဇူလိုင် ၁၈ ရက်၌ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လာအိုနိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် မိုးလေဝသဌာနမှ နောက်ဆုံးထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိအောင်ဆောင်ရွက်ကြရန်နှင့် ဘေးကင်းရေးနှင့် နေအိမ်အဆောက်အအုံများကို ကာကွယ်ရန် လိုအပ်သောအဆင့်များ ဆောင်ရွက်ရန် လာအို မိုးလေဝသဌာနက သတိပေးထားသည်။ (Xinhua)
………………………………
Laos on alert as Typhoon Talim approaches
VIENTIANE, July 18 (Xinhua) — People in Laos are urged to brace themselves for the potential impact of Typhoon Talim, which will pass over Laos until Tuesday, bringing heavy rain and strong winds in central and southern provinces of Laos.
The Department of Meteorology and Hydrology under the Lao Ministry of Natural Resources and Environment on Monday issued a warning, advising people to take the necessary precautions to safeguard their homes and property.
As of Monday morning, Typhoon Talim was approaching in southern China’s island province of Hainan at a speed of 130 km per hour and was projected to continue its course westwards and made landfall in northern Vietnam on Tuesday.
The weather bureau of Laos has warned people across the country to stay updated with the latest weather advisories and take the necessary steps to ensure their safety and protect their property.
Photo: A security guard is seen at a coastal area of Zhanjiang, south China’s Guangdong Province, July 17, 2023. (Xinhua/Deng Hua)