နယူးဒေလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဆီသို့ စီးပွားရေးလုပ်ငန်းသုံး နိုင်ငံတကာလေကြောင်းပျံသန်းမှု အဝင်၊ အထွက်များကို ဇူလိုင် ၃၁ ရက်အထိ ရပ်နားထားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူများက ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။
ကူမင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အာရှတောဆင်ရိုင်း ၁၄ ကောင်အုပ်စုသည် အရှေ့တောင်ဘက်သို့ နောက်ထပ် ၆.၃ ကီလိုမီတာ ဆက်လက်ဦးတည်သွားလာလျက်ရှိကြောင်း အာဏာပိုင်များက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်မျိုးစိတ် Delta ကို လူ ၃ ဦးထံတွင် ပထမဆုံး စစ်ဆေးတွေ့ရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ၏ COVID-19 ကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန် Delta မူကွဲဗိုင်းရပ်စ် အပါအဝင် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များအား ကာကွယ်နိုင်သည့်အလားအလာရှိသည်ကို ဓာတ်ခွဲခန်းတွေ့ရှိချက်က ဖော်ပြထားကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ကမ်းလွန်၌ ဇွန် ၂၉ ရက်က လူပေါင်းများစွာလိုက်ပါလာသော ခရီးသည်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၆ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦး နှင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC)တွင် ဇွန် ၅ ရက်အထိ ပါတီဝင် ဦးရေ ၉၅ ဒသမ ၁၄၈ သန်းရှိကြောင်း CPC ဗဟိုကော်မတီ အဖွဲ့အစည်းဌာနက ဇွန် ၃၀ ရက်တွင် ကြေညာခဲ့သည်။ (Xinhua) ——————————————————– (English Version)...
ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟာဗားနား၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ ကျန်းမာရေးအာဏာပိုင်များနှင့် သိပ္ပံပညာရှင်များသည် COVID-19 တိုက်ဖျက်ရေးအတွက် ကျူးဘား ကာကွယ်ဆေး ငါးမျိုးအနက် နှစ်မျိုးဖြစ်သော Soberana-02 နှင့် Soberana Plus တို့ကို ကလေးများနှင့် ဆယ်ကျော်သက်များတွင် လက်တွေ့စမ်းသပ်မှု တိုးချဲ့ဆောင်ရွက်ခြင်းအား ဇွန် ၂၈ ရက်က...
ခတ္တမန္ဒူ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံသည် ၄၅ နှစ်ကြာ ကျင့်သုံးခဲ့သည့် လက်ရေးမူဖြင့်ရေးသွင်းရသော ဗီဇာစနစ်ကို ဇွန် ၂၈ ရက်မှစတင်ကာ ဒစ်ဂျစ်တယ်ဗီဇာစနစ်ဖြင့် စတင်အစားထိုးအသုံးပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၉ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လာခဲ့ရာ တနင်္လာနေ့အထိ ကိုဗစ်ကာကွယ်ဆေး ကြိမ်ရေ (၁.၂ )ဘီလီယံကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ (Xinhua) ————————————————– (English Version) Over 1.2 bln doses of...