မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ) နောက်အကြိမ် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လာမည့်ရက်အနည်းငယ်အတွင်း ဘီလာရုဇ်-ပိုလန် နှစ်နိုင်ငံ နယ်စပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘီလာရုဇ်နိုင်ငံ၌ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Vladimir Medinsky ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် RIA...
မော်စကို ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားနှင့် ဆွေးနွေးရန်အတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ယခုအခါ ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း Sputnik သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ပြုံးယမ်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် ကင်းထောက်ဂြိုလ်တု တည်ဆောက်မှုအစီအစဉ်အရ ဖေဖော်ဝါရီ ၂၇ ရက်တွင် အရေးကြီးသည့်စမ်းသပ်မှုတစ်ခုအား ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ကိဗ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်သည့် ယူကရိန်းနိုင်ငံ၏ အထင်ကရ An-225 Mriya လေယာဉ်ကြီးအား ဖျက်ဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ယူကရိန်းနိုင်ငံ၏ နိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းစု Ukroboronprom က လူမှုကွန်ရက်စာမျက်နှာ Telegram တွင် ရေးသားဖော်ပြခဲ့သည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် အရှေ့ဘက်ပင်လယ်ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ်ဒုံးကျည်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများ နှင့် ကနေဒါတို့နှင့်အတူ ပူးပေါင်း၍ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုအများဆုံးအသုံးပြုသည့် SWIFT ငွေပေးချေမှုစနစ်မှ ရုရှားဘဏ်အချို့ကို ထုတ်ပယ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မော်စကို ၊ ဖေဖော်ဝါရီ (၂၇) ရက် (ဆင်ဟွာ) ရုရှားသမ္မတဗလာတီမာပူတင်သည်ယူကရိန်းနှင့်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ဘီလာရုဇ်နိုင်ငံ မြို့တော် မင့်ခ်စ်သို့ ရုရှားကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။ ယူကရိန်းတွင် ရုရှားနိုင်ငံက စစ်ဆင်ရေးလုပ်ဆောင်နေသည့်အတွက် ရုရှားသမ္မတ ဗလာတီမာပူတင် နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာဗ်ရော့ (Sergei Lavrov) တို့အပေါ်တိုက်ရိုက်ပိတ်ဆို့အရေးယူခြင်းလုပ်ဆောင်ရန် အမေရိကန်က...
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky နှင့် ဖုန်းပြောဆိုမှုတစ်ခုအတွင်း ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပိုမိုပေးအပ်သွားရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ လက်ရှိလုပ်ဆောင်နေသည့်စစ်ဆင်ရေးများအား ယူကရိန်းနိုင်ငံအနေဖြင့် မိမိကိုယ်တိုင် ခုခံကာကွယ်ရာတွင် ကူညီရန် အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိ “ပြင်းထန်သည့် ခုခံကာကွယ်ရေး” စစ်လက်နက်များ ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖေဖော်ဝါရီ...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky သည် ကိဗ်မြို့ရှိ လွှတ်တော်အဆောက်အဦရှေ့တွင် ရောက်ရှိနေသည့် ၎င်းနှင့် အစိုးရအဖွဲ့ အကြီးအကဲများကို ရုပ်သံဖိုင်ရိုက်ကူးပြသကာ လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး ၎င်းအား ကိဗ်မြို့မှ ထွက်ပြေးသွားပြီဟူသောကောလာဟလ များကို ဖြေရှင်းခဲ့သည်။ (Xinhua) …………………….. (English...