Connect with us

Videos

တရုတ်-မွန်ဂိုလီးယား နယ်စပ်ဆိပ်ကမ်းတွင် နေ့စဉ်ကုန်စည်စီးဆင်းမှုပမာဏ စံချိန်တင်မြင့်မား

ဟူးဟော့၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်-မွန်ဂိုလီးယား နယ်စပ်ရှိ အကြီးဆုံး အဝေးပြေးလမ်းဆိပ်ကမ်းဖြစ်သော Ganqmod ဆိပ်ကမ်းတွင် နေ့စဉ် ကုန်စည်ဖြတ်သန်းစီးဆင်းမှုပမာဏမှာ ယခုနှစ်၌ တန်ချိန် ၁၇၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ဆိပ်ကမ်းဦးစီးဌာနက ဇွန် ၂၂ ရက်က ပြောကြားခဲ့သည်။အဆိုပါ ပမာဏသည် ဆိပ်ကမ်း၌ ကိုင်တွယ်ဆောင်ရွက်ခဲ့သော နေ့စဉ်ကုန်စည်ပမာဏ၏ မြင့်မားသော စံချိန်လည်းဖြစ်သည်။ ယင်းဆိပ်ကမ်း၌ ၂၀၂၂ ခုနှစ်တွင် ကုန်စည် တန်ချိန် ၁၉ သန်းကို အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်ပြီးစီးခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် နှစ်ဆကျော်ရှိခဲ့ကြောင်း သိရသည်။

ဇွန် ၂၂ ရက်အထိ Ganqmod ဆိပ်ကမ်းတွင် ကုန်စည်စီးဆင်းမှု တန်ချိန် ၁၅ သန်းကျော်ရှိပြီး ယခင်နှစ် အလားတူကာလကထက် ၂၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း ဆိပ်ကမ်းဦးစီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Ganqmod ဆိပ်ကမ်းသည် နိုင်ငံအတွက် အဓိက စွမ်းအင်တင်သွင်းမှုချန်နယ်တစ်ခုဖြစ်သလို တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံရှိ အချက်အချာကျသော နေရာတစ်ခုလည်း ဖြစ်သည်။ (Xinhua)

………………………………
China-Mongolia border port handles record-high volume of daily goods
HOHHOT, June 24 (Xinhua) — The daily volume of goods handled by Ganqmod Port, the largest highway port on the China-Mongolia border, has surpassed 170,000 tonnes so far this year, the port administration said Thursday.
This figure marks a record-high volume of daily goods handled by the port. In 2022, the port completed the customs clearance of over 19 million tonnes of goods, more than twice that of 2021.
As of Thursday, the port had already handled more than 15 million tonnes of goods, a year-on-year growth of over 200 percent, said the port administration.
Situated in north China’s Inner Mongolia Autonomous Region, Ganqmod Port is a major energy import channel for the country and an important hub on the China-Mongolia-Russia economic corridor.
Photo 1,2: This photo taken on June 21, 2023 shows cargo trucks being inspected at Ganqmod Port in the city of Bayannur, north China’s Inner Mongolia Autonomous Region. (Xinhua/Li Yunping)