တီဟီရန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က နိုဝင်ဘာ ၂ ရက်တွင် အီရန်နျူကလီးယားသဘောတူညီချက် သို့မဟုတ် JCPOA သို့ပြန်သွားရန် အမေရိကန်၏ အဆင်သင့်ဖြစ်မှုကို မေးခွန်းထုတ်လိုက်ပြီး နျူကလီးယား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်၏ ခုတစ်မျိုးတော်ကြာတစ်မျိုး လုပ်ဆောင်ချက်အား ဝေဖန်ခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် အရာရှိများ ရာထူးမှနုတ်ထွက်ကြသဖြင့် ဝန်ထမ်းရှားပါးမှုများ ဆိုးဝါးစွာကြုံတွေ့နေရကြောင်း အေပီ (AP) သတင်းဌာနက မကြာသေးမီက သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၄ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပို့ကုန်ပြပွဲ (CIIE) နှင့် Hongqiao အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်၌ ရုပ်သံဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားသွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ယနေ့...
NUR-SULTAN ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ယခင်နှစ်များက တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်ခဲ့သည့် ကာဇက်စတန်နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သူများသည် မကြာမီကျင်းပမည့် ပြပွဲက တရုတ်ဈေးကွက်တိုးချဲ့ခြင်းမှ အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ပြင်းပြင်းပြပြမျှော်လင့်လျက်ရှိကြောင်း သိရသည်။
ဂလက်စကို ၊ ဗြိတိန် ၊ နိုင်ဝင်ဘာ ၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ နိုင်ငံစုံပါဝင်သော သဘောတူညီမှု ဆုပ်ကိုင်ခြင်း ၊ ထိရောက်သောအရေးယူဆောင်ရွက်မှုအလေးပေးဆောင်ရွက်ခြင်း နှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုအရှိန်မြှင့်တင်ဆောင်ရွက်ခြင်း အဆိုပြုချက်များအပေါ် အလေးထား ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) လက်ရှိဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးလူနာအရေအတွက်သည် ၅ သန်းကျော်လွန်သွားခဲ့ပြီး နိုဝင်ဘာ ၂ ရက်အထိ ၅,၀၀၄,၈၅၅ ဦးထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဂျကာတာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မာကူလူပြည်နယ်အနီး ပင်လယ်ပြင်တွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရှိရသေးကြောင်း သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev သည် အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns နှင့် မော်စကိုမြို့၌ နိုဝင်ဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ စစ်ဆေးရုံတစ်ခုသည် နိုဝင်ဘာ ၂ ရက်က အကြမ်းဖက်တိုက်ခိုက်ခံရပြီး အနည်းဆုံး လူပေါင်း ၁၅ ဦးသေဆုံးကာ အခြား အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်တွင်း ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံအခြေစိုက် ကစားစရာအရုပ်လုပ်ငန်းစုကြီး ဖြစ်သည့် LEGO Group သည် တရုတ်နိုင်ငံတွင်ကျင်းပမည့် ၄ ကြိမ်မြောက် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပါဝင် တက်ရောက်ရန်ရှိကြောင်းသိရသည်။ LEGO ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်မကုန်ခင် တရုတ်နိုင်ငံ၌ ဆိုင်ခွဲ ၃၀၀...