Connect with us

Media

တရုတ်နိုင်ငံ ဟဲဖေမြို့ရှိ ရေသွယ်တံတားကြီး နိုင်ငံတကာဆု ရရှိ

ဟဲဖေ ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲဖေမြို့ရှိ ရေသွယ်တံတားကြီးတစ်စင်းသည် မကြာသေးမီက နိုင်ငံတကာဆုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ဟဲဖေမြို့ ဖေရှီးခရိုင်အတွင်းက ဖီဟဲမြစ်ပေါ်ရှိ ရေသွယ်တံတားရှည်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ ကျင်းပသည့် ယခုနှစ် နိုင်ငံတကာတံတားဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ(IBC)၌ ဆုချီးမြှင့်ခဲ့သည့် စီမံကိန်းများအနက် တစ်ခု ဖြစ်ကြောင်း သိရသည်။

၂၄၆ မီတာ ရှည်လျားသည့် သံမဏိ ရေသွယ်တံတားသည် ကမ္ဘာပေါ်တွင် တံတားခန်းဖွင့် အရှည်လျားဆုံး သံမဏိ တံတားတစ်စင်း ဖြစ်သည်။

ယင်းတံတားသည် တရုတ်နိုင်ငံ ယန်ဇီမြစ်မှ ရေအား ဟွိုင်ဟဲမြစ်သို့ လွှဲပြောင်းပေးသည့် ကြီးမားသောရေလွှဲစီမံကိန်း၏ အဓိကအစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Major water bridge in China’s Hefei wins international award
A major water bridge in China’s Hefei has recently won an international award.
The long aqueduct on Pihe River in Feixi County of Hefei is one of the award-winning projects at this year’s International Bridge Conference (IBC) held in Washington.
The steel aqueduct, which is 246 meters long, is the world’s longest-span steel structure of its kind.
It’s a key part of a mega water diversion project to divert water from China’s Yangtze River to the Huaihe River.
Xinhua News Agency correspondents reporting from Hefei, China.(XHTV)