မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် တူရကီသမ္မတ ရီဆပ် တေရစ်ပ်အာဒိုဂန် (Recep Tayyip Erdoga) တို့ သည် ယူကရိန်းအကျပ်အတည်း နှင့် ရုရှားနှင့် အနောက်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၃ ရက်တွင်...
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှားနိုင်ငံ၏ စစ်ဆင်ရေး စတင်ဆောင်ရွက်လာပြီးနောက် နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကြေညာလိုက်ကြောင်း သိရသည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) လာအို-တရုတ် မီးရထားကုမ္ပဏီ (LCRC) က ခရီးသည်များ၏ လိုအပ်ချက်မြင့်တက်လာခြင်းနှင့် ကိုက်ညီစေရန် ရှိနှင့်ပြီးသား မြန်နှုန်းမြင့် EMU (electric multiple unit) ရထားနှစ်စင်း၌ မြန်နှုန်းနိမ့်ရထားများ ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်သံတမန်က ယူကရိန်းအရေးတွင် ပါဝင်သည့် သက်ဆိုင်သူများအားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကီးယက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ အကြီးဆုံး လေဆိပ် Boryspil နှင့် ယူကရိန်း အရှေ့ပိုင်းနှင့်တောင်ပိုင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဖေဖော်ဝါရီ ၂၄ ရက်(ကြာသပတေးနေ့)တွင် ပြင်းထန်သည့်ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း Interfax-Ukraine သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများအကြား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ ယူကရိန်းနိုင်ငံအတွင်း အရေးပေါ်အခြေအနေကြေညာရန် ဥပဒေတစ်ရပ်အား လွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်၌ ထောက်ခံခဲ့ကြောင်း လွှတ်တော် ပြန်ကြားရေးအရ သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် သေချာပေါက်ခေါက်ချိုးညီအနေအထား မဟုတ်ဘဲ ထိလွယ်ရှလွယ်ဖြစ်စေမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အာဒစ်အာဘာဘာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တည်ဆောက်ထားသော အာဒစ်အာဘာဘာ-ဂျီဘူတီ စံချိန်မီရထားလမ်းသည် ဒေသတွင်း ပေါင်းစည်းမှုနှင့် သာယာဝပြောမှုအား အဆင်ပြေချောမွေ့စေသည့်အတွက် ချီးကျူးထောပနာပြုခံရလျက် ရှိကြောင်း သိရသည်။
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ဟောင်ကောင်တွင် ကိုဗစ်-၁၉ (COVID-19) အတွက် သီးသန့်ခွဲခြားမှုနှင့် ကုသရေးအဆောက်အအုံများ ပါဝင်သော ယာယီနေရာလေးခု သို့မဟုတ် ရွေ့လျားဆေးရုံများကို ဗဟိုအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဖေဖော်ဝါရီ ၂၂ ရက်၌ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ဘာလင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ပြုမူဆောင်ရွက်ပုံကိုဖော်ပြလျက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းစဉ်အား အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ကြောင်း ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က ဖေဖော်ဝါရီ ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။