ခါတွန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဆူဒန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဆူဒန်နိုင်ငံ West Darfur ပြည်နယ်အတွင်း အရပ်သားများ သေဆုံးခဲ့ရခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ လိုက်ကြောင်း ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အီမန်နျူရယ်မက်ခရွန်အား ပြင်သစ်နိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဧပြီ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာဂြိုဟ်အနီးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ(NEAs)၏ အန္တရာယ်များမှ ဂြိုဟ်အား ကာကွယ်စောင့်ရှောက်ရေးအတွက် စောင့်ကြည့်ရေး နှင့် ကာကွယ်ရေးစနစ်များအား တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ပေကျင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် မေ ၄ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ၏ “လူငယ်များနေ့”ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ ဧပြီ ၂၅ ရက်တွင် ပေကျင်းမြို့ရှိ Renmin တက္ကသိုလ် (Renmin University of...
တိုကျို ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်း အရှေ့ဘက်၌ လှေဝန်ထမ်း နှင့် ခရီးသည် စုစုပေါင်း ၂၆ ဦး လိုက်ပါသွားသည့် ခရီးသွားလှေတစ်စီးသည် ဧပြီ ၂၃ ရက်တွင် ပျောက်ဆုံးမှု ဖြစ်ပွားပြီးနောက် ဧပြီ ၂၄ ရက်တွင် လူ...
ပြင်သစ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) လက်ရှိပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်သည် ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၁၈,၇၇၉,၆၄၁ မဲ သို့မဟုတ် ခိုင်လုံမဲအားလုံး၏ ၅၈ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက်ညပိုင်းတွင် ထုတ်ပြန်သော ကနဦးမဲရလဒ်များအရ သိရသည်။
ပေကျင်း ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အိုဒက်ဆာ(Odessa ) အနီးတွင်တည်ရှိသော စစ်လေယာဉ်ကွင်းတစ်ခု၏ ထောက်ပို့စင်္ကြံတစ်ခုကို ရုရှားတပ်ဖွဲ့ဝင်များက ဧပြီ ၂၃ ရက်တွင် တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ခြင်းနှင့်အတူ ရုရှား-ယူကရိန်း ပဋိပက္ခသည် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ကိဗ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ရုရှားနိုင်ငံနှင့် ပဋိပက္ခအား သံတမန်ရေးရာဖြေရှင်းနည်းကို ထောက်ခံကြောင်း ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကဘူးလ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနသည် ခိုကိုးရာမဲ့ပြည်သူ ၁,၅၀၀ အတွက် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို ဧပြီ ၂၃ ရက်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ ရှေးခေတ်အီဂျစ်လူ့အဖွဲ့ အစည်းယဉ်ကျေးမှုဆိုင်ရာ အမျိုးသားပြတိုက်(NMEC)သည် လွန်ခဲ့သော တစ်နှစ်က စတင်ဖွင့်လှစ်ချိန်မှစ၍ လာရောက်ကြည့်ရှုလေ့လာသူ တစ်သန်း နီးပါဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ယင်းပြတိုက်၏ စီမံခန့်ခွဲရေးအမှုဆောင်ညွှန်ကြားရေးမှူး Ahmed Ghoneim ၏ ပြောကြားချက်အရ သိရသည်။