Connect with us

Media

E-commerce နှင့် ကုန်တင်ရထားများက ရပ်ဝန်းနှင့်ပိုးလမ်းမကုန်သွယ်ရေးကို ပိုမိုအားကောင်းစေခဲ့

ရှီးအန်း ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ချန်အန်း တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုက တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ရှီးအန်းမြို့ နှင့် ဥရောပ တို့အကြား အလွန်အရေးပါသော သယ်ယူပို့ဆောင်ရေးကွင်းဆက်တစ်ခု ဖြစ်လာခဲ့သည်။

ယင်းဝန်ဆောင်မှုတွင် နိုင်ငံတကာသယ်ယူပို့ဆောင်ရေး လမ်းကြောင်း ၁၇ ခု ဖွင့်လှစ်ထားခဲ့ပြီး ယူရေးရှားဒေသရှိ ကုန်ပစ္စည်းများ၏ အဓိကအရင်းအမြစ်များအားလုံးကို လွှမ်းခြုံထားကြောင်း သိရသည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကုန်တင်ရထားဝန်ဆောင်မှုသည် ခရီးစဉ် ၁၆,၀၀၀ ကျော်အား ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုန်တင်ရထားများက လမ်းကြောင်းတစ်လျှောက် e-commerce ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးကြောင်းလည်း သိရသည်။

ရှီးအန်းမြို့ရှိ ရပ်ဝန်းနှင့်ပိုးလမ်းမ E-commerce စင်တာက တိုးတက်မှုအတွက် အဓိကစတင်တက်လှမ်းမှုအဖြစ် e-commerce တိုက်ရိုက်ထုတ်လွှင့်မှုများကို ဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ကုမ္ပဏီ ၃၀ က စင်တာတွင် မှတ်ပုံတင်စာရင်းသွင်းထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
E-commerce, freight trains add vitality to BRI trade

Launched in 2013, the Chang’an China-Europe freight train service has become a vital transport link between Europe and Xi’an, China’s Shaanxi Province.

The service has opened 17 international transportation routes, covering all major sources of goods in the Eurasia region.

In the past decade, the service has handled over 16,000 trips.

The freight trains also boosted the development of e-commerce trade along the routes.

The Belt and Road E-commerce Center in Xi’an has adopted livestreaming e-commerce as a key springboard for growth. In 2022, 30 livestreaming companies were registered here.

Xinhua News Agency correspondents reporting from Xi’an, China.
(XHTV)