မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများသည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည့်အတွက် စိစစ်ရေး ယန္တရားတစ်ခု ထူထောင်ရေးမှာ အရေးကြီးကြောင်း မတ် ၁၅ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။
ကိဗ် ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တံခါးဖွင့် မူဝါဒသည် ယူကရိန်းနိုင်ငံအတွက် အလုပ်မဖြစ်ကြောင်း မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု UNIAN သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန် ၊ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နှင့် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း တို့အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိကြီးများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ မခြွင်းမချန်ရှင်းလင်းပေးရေး နှင့် တာဝန်သိသိ လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်းအကြား စေ့စပ်ညှိနှိုင်းမှုများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲနှင့် ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ဗလာတီမာမင်စကီးက မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရောမ၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) နှင့် မတ် ၁၄ ရက်က အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘာလင် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံက လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က စတင်အသုံးပြုခဲ့သည့် သက်တမ်းရင့် Tornado အုပ်စုအား ဆက်ခံမည့် အမေရိကန်နိုင်ငံ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-35 ဂျက်တိုက်လေယာဉ်များအား ဝယ်ယူသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန(BMVg)က မတ်...
ကုလသမဂ္ဂ ၊ မတ် ၁၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဌ Abdulla Shahid က လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအတွက် အမျိုးသမီးတစ်ဦးဖြစ်သင့်ကြောင်း မတ် ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ဆာနာ ၊ မတ် ၁၄ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံတွင် ကလေးငယ်များအပါအ၀င် ကင်ဆာရောဂါသည်များသည် ၇ နှစ်ကြာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် ၎င်းတို့ မဖြစ်မနေကုသရမည့် ကုထုံးများရရှိနိုင်ရန် မိုင်ပေါင်းများစွာ ခရီးကို သွားရောက်ကာ လူတန်းရှည်ကြီးကို တန်းစီစောင့်ဆိုင်းနေရသည်။(Xinhua) ……………………………………. (English Version) Children inflicted...
ဟောင်ကောင် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)တရုတ်ပြည်မကြီး၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ထားသော ဟောင်ကောင်ရှိ တတိယမြောက်ဖြစ်သည့် သီးသန့်ရောဂါကုသမှုအဆောက်အအုံ(CIF)သည် စတင်လည်ပတ်နေပြီဖြစ်သည်။ အဆိုပါ အဆောက်အအုံကို ရက်ပေါင်း ၂၀ အတွင်း အပြီးတည်ဆောက်ခဲ့သည်။(Xinhua) ………………………………… (English Version) 3rd mainland-aided COVID-19 isolation facility...