ဒိုဟာ ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအောက်တွင် ဒုက္ခသည်ခိုလှုံခွင့်ပယ်ဖျက်အမိန့်တစ်ခုကို သက်တမ်းတိုးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ ““မှားယွင်းမှု ၊ ရှက်စရာဖြစ်မှု” ဟုအမေရိကန်နိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများ နှင့် ကျွမ်းကျင်သူများ အုပ်စုတစ်ခု ပြစ်တင်ဝေဖန်လိုက်ကြောင်း မကြာသေးခင်က Al Jazeera သတင်းဌာန၏ ဖော်ပြချက်အရ...
ဒူဘိုင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးကို အသက် ၃ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေးများအတွက် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ဩဂုတ် ၄ ရက်တွင် သန်း ၂၀၀ ကျော်လွန်သွားပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။
ဘန်ဒါဆာရီဘီဂါဝန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) COVID-19 ကာကွယ်ဆေးများကို အားလုံးရရှိစေရေး နှင့် လက်လှမ်းမီစေရေးအတွက် ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် လုပ်ဆောင်သွားကြရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဩဂုတ် ၂ ရက်တွင် တောင်းဆိုခဲ့ကြသည်။
နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။
ဘေရွတ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဆန္ဒပြချီတက်သူများ နှင့် ရဲတပ်ဖွဲအကြားဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာ လူပေါင်း ၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအသင်းက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Elnashra အင်တာနက် ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ဘန်ကောက် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဩဂုတ် ၃ ရက်တွင် COVID-19 လူနာသစ် ၂၀,၂၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယင်းအရေအတွက်သည် တစ်ရက်တည်း ပထမဆုံးအကြိမ် လူ နာ ၂၀,၀၀၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဩဂုတ် ၃ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁ ဒသမ ၇ သန်းကျော် ထိုးနှံပေးထားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့ ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနောက်ပစိဖိတ်ဒေသအတွင်း အရွယ်ရောက်ပြီးသူများအကြား COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးမှု အမြင့်ဆုံးရာခိုင်နှုန်း၌ ရပ်တည်နေသော နိုင်ငံများထဲတွင် ကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘောဒီးယားရှိ ကုလသမဂ္ဂရုံး၏ ဩဂုတ် ၃ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။