Connect with us

Videos

တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု နှင့် ခရီးသွားဈေးကွက် နှစ်ကူးနွေဦးပွဲတော်အားလပ်ရက်အတွင်း ပြန်လည် ကောင်းမွန်လာ

ပေကျင်း ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု နှင့် ခရီးသွားဈေးကွက်သည် နှစ်ကူးနွေဦးပွဲတော်အားလပ်ရက်အတွင်း အခိုင်အမာ ပြန်လည်ကောင်းမွန်လာခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။တရုတ်နိုင်ငံ၏ ရုပ်ရှင်ရုံများသည် အလွန်အမင်းမျှော်လင့်စောင့်စားခဲ့ရသည့် လူကြိုက်များသည့် ရုပ်ရှင်ဇတ်ကားများစွာဖြင့် ရုပ်ရှင်ဝါသနာအိုးများကို ကြိုဆိုခဲ့ကြသည်။ရက်သတ္တပတ်ကြာအားလပ်ရက်အတွင်း လက်မှတ်ပေါင်း ၁၂၉ သန်း ရောင်းချခဲ့ရပြီး ဝင်ငွေပမာဏ ယွမ် ၆.၇၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၉၉၈.၄၉ သန်း) ဖြစ်ပေါ်စေကာ ၂၀၂၂ ခုနှစ် အလားတူအားလပ်ရက်ကာလထက် ၁၁.၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

အပန်းဖြေခရီးအတွက် တောင်းဆိုမှုများမှာ အားလပ်ရက်အတွင်း များပြားလာခဲ့သည်။ ယင်းကာလအတွင်း ပြည်တွင်းခရီးစဉ်ပေါင်း ၃၀၈ သန်းခန့် ရှိခဲ့ကာ ပြီးခဲ့သောနှစ် နှစ်ကူးနွေဦးပွဲတော်အားလပ်ရက်ထက် ၂၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နှင့် ၂၀၁၉ ခုနှစ် အလားတူအားလပ်ရက်ကာလ၏ ၈၈.၆ ရာခိုင်နှုန်းအထိ ပြန်လည် ကောင်းမွန်လာခဲ့ကြောင်း သိရသည်။ပြည်တွင်းခရီးသွားလုပ်ငန်း၏ ဝင်ငွေသည် ယွမ် ၃၇၅.၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၅.၅၂ ဘီလီယံ) ရှိခဲ့ကာ ယခင်နှစ်အားလပ်ရက်ကာလထက် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၏ ၇၃.၁ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ရေခဲမြို့တော်ဖြစ်သည့် ဟာအယ်ပင်းမြို့ Central Street အဓိကလူသွားလမ်းပေါ်ရှိ နှင်းခဲတုံးများဖြင့် ဆောက်လုပ်ထားသော စားသောက်ဆိုင်သည် လာရောက်သူများကို အပူ နှင့် အအေးကို တွေ့ကြုံခံစားရစေရန် ဆွဲဆောင်ခဲ့ကြောင်း သိရသည်။“ဒါက အလွန်ကွဲပြားခြားနားတယ်လို့ ခံစားရပါတယ်။ ဒီလိုအပူချိန်နည်းတဲ့အခြေအနေမှာ ဟော့ပေါ့ တစ်ခါမှ မစားခဲ့ဖူးပါဘူး ။ ဒါက ကောင်းမွန်ပါတယ်။ အလွန့်အလွန်ကို လှပတဲ့ အမှတ်ရကို ရှိစေမှာ ဖြစ်ပါတယ်။”ဟု ခရီးသွားတစ်ဦးက ပြောကြားခဲ့သည်။

အတွင်းမွန်ဂိုလီးယားဒေသသည် ရေခဲ နှင့် ဆီးနှင်း အားကစားအတွက် ပြင်းပြသည့် စိတ်အားထက်သန်မှုကို တွေ့မြင်ခဲ့ရသည်။“ကျွန်မက အမြဲတမ်း ရေခဲနဲ့ဆီးနှင်းအားကစားကို အလွန်စိတ်ဝင်စားခဲ့ပါတယ် ။ ဒီနေ့မှာတော့ ကျွန်မသူငယ်ချင်းတွေနဲ့အတူ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ် ။ ကျွန်မတို့ အရမ်းပျော်နေကြပါတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ YANG SIQI က ပြောကြားခဲ့သည်။ဟဲနန်ပြည်နယ် Kaifeng မြို့ရှိ Wansuishan ရှုခင်းသာဇုန်တွင် ရိုးရာပွဲတော်ဖျော်ဖြေမှုအမျိုးမျိုး ပြုလုပ်နေလျက် ရှိပါသည်။

“ကျွန်မအနေနဲ့ မြောက်ပိုင်းဆုန်မင်းဆက်(၉၆၀-၁၁၂၇)ရဲ့ သာယာဝပြောမှုကို ခံစားရစေနိုင်ပါတယ်။ ဒါက ပန်းချီကားတစ်ချပ်ထဲမှာ လမ်းလျှောက်ရနေသလိုမျိုး ခံစားရပါတယ်။ ဒီနေရာမှာ တရုတ်ရိုးရာဓလေ့တွေ အများကြီး ရှိပြီးတော့ နွေးထွေးပြီး အသက်ဝင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။”ဟု ခရီးသွားဧည့်သည်တစ်ဦးဖြစ်သူ MA QIANQIAN က ပြောကြားခဲ့သည်။“အထူးသဖြင့် သစ်ကိုင်းသစ်ခက်တွေပေါ်မှာ မီးပုံးနီတွေ ချိတ်ဆွဲထားတာတွေကို တွေ့ရတာ ကျွန်မအနေနဲ့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒါက ပွဲတော်ရဲ့ အငွေ့အသက်ပဲ ဖြစ်ပါတယ်။”ဟု ခရီးသွားဧည့်သည်တစ်ဦးဖြစ်သူ XING SHIYU က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.