ဒမတ်စကပ်စ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် အလယ်ပိုင်းတွင် အောက်တိုဘာ ၂၀ ရက်က စစ်တပ်ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုင်ငံပိုင် SANA သတင်းအေဂျင်စီကဖော်ပြသည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ COVID-19 ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်းရပ်စ် “AY4.2” အား အောက်တိုဘာ ၁၉ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၂၂ ပေကျင်း ဆောင်းရာသီအားကစားပွဲများအတွက် အိုလံပစ်မီးရှူးတိုင်သည် ဂရိနိုင်ငံ အေသင်မြို့မှ တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရေကြီးရေလျှံမှုဒဏ်ခံစားရသော အက်ထရာခန်ပြည်နယ်တွင် သေဆုံးသူ အရေအတွက်မှာ ၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ရေလွှမ်းမိုးသောဧရိယာအား ဝေဟင်မှစစ်တမ်းကောက်ယူပြီးနောက် အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
လန်ဒန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အင်္ဂလိပ်ပရီးမီးယားလိဂ်က ၎င်းတို့၏ ကစားသမား ၆၈ ရာခိုင်နှုန်းသည် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။
ပြုံယမ်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ သည် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အမျိုးအစားသစ်ကို အောက်တိုဘာ ၁၉ ရက်က အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း Korean Central သတင်းဌာနက အောက်တိုဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။
ဂျကာတာ ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်က ၄ ဒသမ ၈ နှင့် ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် ဘာလီအပန်းဖြေကျွန်းရှိ လူနေအိမ် ၁,၈၆၂ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)က...
ဂျကာတာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ဩစတြေးလျနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်မည့် ဆုံးဖြတ်ချက်အပေါ် စိုးရိမ်မှုရှိကြောင်း၊ ထိုလုပ်ဆောင်ချက်သည် ဒေသတွင်း ပါဝါဖြန့်ကျက်မှု နှင့် တင်းမာမှုများ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဂျကာတာသို့လာရောက်သည့်ခရီးစဉ်အတွင်း ပြီးခဲ့သည့်တနင်္လာနေ့က...
နန်နင်း၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် မကြာသေးမီက ပြီးစီးခဲ့သည့် ၉ ကြိမ်မြောက် အခြေခံဆေးဘက်ဝင်ပစ္စည်းများ ပူးပေါင်းထုတ်လုပ်ရေး ပြပွဲ၌ တရုတ်နိုင်ငံ၏ ရိုးရာတိုင်းရင်းဆေးကို စမတ်နည်းပညာများဖြင့် ပေါင်းစပ်အသုံးပြုကာ ဖော်စပ်ပေးသည့် အရေးပေါ်ဆေးဝါးထုတ်လုပ်ရေးမော်တော်ယာဉ်တစ်စင်းကိုလည်း ပြသခဲ့သည်။ တရုတ်ရိုးရာတိုင်းရင်းဆေးဝါးများကို ဖော်စပ်ထုတ်ပိုးသည့်ကိရိယာကို...
ဖူကျန့်၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ဗို့အားအလွန်ပြင်းသည့် ဓါတ်အားလိုင်းများ (UHV) ကို သက်စွန့်ဆံဖျား ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်ကြသူများအားဒရုန်းများဖြင့်မှတ်တမ်းတင်ရိုက်ကူးထားသည့်ရုပ်သံဖိုင် ဖြစ်ပါသည်။ လျှပ်စစ်အင်ဂျင်နီယာများသည် လျှပ်စစ်ဓါတ်အားလိုင်းများ အေးခဲနေမှုရှိမရှိ စစ်ဆေးရန် မြေပြင်မှ အမြင့်မီတာ ၁၀၀ ရှိ ဝါယာကြိုးများပေါ်သို့ တက်ရောက်ကာစစ်ဆေးကြပြီး အချို့နေရာများတွင် ဒရုန်းများကို အသုံးပြုစစ်ဆေးကြရသည်။ UHV...