Connect with us

Media

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှု အားကောင်းလာပြီးနောက် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်မှု အားကောင်းလာစေရန် စီမံဆောင်ရွက်မှုအသစ်များ ကြေညာပြီးနောက် ပုံမှန်စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတစ်ဝန်း ပြန်လည်စတင်လာခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်တွင် အများပြည်သူများ လှုပ်ရှားသွားလာရန် တစ်ဖန်ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

ခရီးသွားဧည့်သည်တစ်ဦးဖြစ်သော Qi Kangning က “ဒီနေ့ဖွင့်မယ်ဆိုတာ ဖိန်ရောင် ရဲ့ အွန်လိုင်းပလက်ဖောင်းကနေ မနေ့က သိခဲ့ရတယ်။ ကျွန်မ ဒီကို ညတွင်းချင်းလာခဲ့တာ။ ဒီရှေးဟောင်းမြို့ရဲ့စိတ်ဝင်စားဖွယ်ရာ အကုန်လုံးကို လေ့လာချင်တယ်” ဟု ပြောခဲ့သည်။

ဖိန်ရောင် ရှေးဟောင်းမြို့ Scenic Spot Management ကုမ္ပဏီလီမိတက်၊ ဈေးကွက်စီမံကိန်းဌာန၊ လုပ်ငန်းလည်ပတ်ရေး လက်ထောက်ညွှန်ကြားရေးမှူး Qiao Zhixiang က ဖိန်ရောင်ရှေးဟောင်းမြို့ ရှုမျှော်ခင်းကြည့်နေရာက ဘေးကင်းပြီး သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်နဲ့ ခရီးသွားဧည့်သည်တွေကို ဖိတ်ခေါ်ပါတယ်” ဟု ဆိုသည်။

ကွမ်ကျိုးနှင့် ဝူဟန့်ကဲ့သို့ မြို့များတွင်လည်း စားသုံးမှု မြှင့်တင်ရေး ရည်ရွယ်ကာ ကူပွန်လက်မှတ်များ ဖြန့်ဝေလျက်ရှိသည်။ ကွမ်ကျိုးမြို့၌ ဆိုင်အတွင်း ထိုင်၍ စားသောက်နိုင်သော ဝန်ဆောင်မှုကို မကြာသေးမီက ပြန်လည်စတင်ခဲ့သည်။

” ကျွန်တော်တို့ ဆိုင်စတင်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့မှာပဲ ဝယ်သူတွေက စားပွဲနေရာရဖို့ တန်းစီပြီးတောင် စောင့်ဆိုင်းခဲ့ကြတယ်။ အဲဒီနေ့ကစပြီး နေ့တိုင်းကို ဆိုင်ထဲဝင်ရောက်စားသောက်ဖို့ ဧည့်သည်တွေက တန်းစီနေကြတယ်။ ၆၆ ယွမ်ပေးရုံနဲ့ ယွမ် ၁၀၀ ရရှိနိုင်မယ့် လျှော့ဈေးကူပွန်အစီအစဉ်တွေကိုလည်း ဈေးဝယ်စင်တာတွေနဲ့အတူ လုပ်ဆောင်နေပါတယ်။
ကိုဗစ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ ကောင်းမွန်လာပြီးတဲ့နောက် ဝယ်သူတွေကို ပိုမိုဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကွမ်ကျိုးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် Wu Shuwei က ပြောခဲ့သည်။

ခရီးသွားဧည့်သည်များအနေဖြင့် ကြိုတင်မှာယူမှု ကုဒ်များနှင့် ID ကတ်များဖြင့် ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့ရှိ ရှုမျှော်ခင်းကြည့်နေရာများသို့ ဝင်ရောက်နိုင်ပြီဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့မှ ခရီးသွားဧည့်သည် Fan Dawei က “ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဆောင်ရွက်ချက်တွေက အောင်မြင်မှုရလဒ်တွေ ရှိလာပါပြီ။ ပြည်သူတွေကလည်း ဒီဆောင်ရွက်ချက်တွေကို သတိထားပြီး လိုက်နာကြပါတယ်” ဟု ဆိုသည်။

တရုတ်နိုင်ငံ အေရှ့ပိုင်း ရှန်ဟိုင်းမြို့မှ ခရီးသွားဧည့်သည် တစ်ဦးဖြစ်သော
Jin Xuelin ကလည်း “ရှန်ဟိုင်းကနေ ဒီကို ကားမောင်းလာရတာ အရမ်းကို အဆင်ပြေပါတယ်။ လမ်းတစ်လျှောက်လုံး ယာဉ်အသွားအလာက ချောမွေ့နေတာပဲ။ ပိုပြီးကောင်းလာဖို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

ရှောက်ရှင်းပြတိုက်၊ လူမှုရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး Hu Xiuwei က “အခုဆိုရင် ဧည့်သည်တွေအနေနဲ့ ကြိုတင်စာရင်းသွင်းပြီးတော့ ပြတိုက်ဆီ လာရောက်နိုင်ပါပြီ။ ကိုဗစ်ရောဂါ တုံ့ပြန်မှုက ထိုက်သင့်သလောက် ဖြေလျှော့ထားပေမဲ့လည်း ဧည့်သည်တွေအနေနဲ့ နှာခေါင်းစည်းတပ်တာ၊ လူချင်းခပ်ခွာခွာနေတာနဲ့ မိမိကျန်းမာရေးကို ကိုယ်တိုင်ထိန်းသိမ်းကြဖို့ အလေးအနက် အကြံပြုပါတယ်” ဟု ပြောကြားခဲသည်။ (Xinhua)

…………………………………..

(English Version)

Businesses resum

Businesses resume with China’s COVID-19 response optimized

After a new set of measures was announced to optimize China’s COVID-19 response, commercial businesses are being resumed nationwide.
In north China’s Shanxi Province, has been opened to public again.

QI Kangning
Tourist

I learned from Pingyao’s official online platform yesterday that would be reopened today, and I went here overnight. I want to experience the charm of this ancient city.

Qiao Zhixiang
Deputy director of operations,
Marketing Planning Division, Pingyao Ancient City
Scenic Spot Management Co. Ltd.

Pingyao Ancient City Scenic Spot is invition tourists, with its safe and neat environment and excellent services.

Cities like Guangzhou and Wuhan have handed out rounds of vouchers, aiming to boost consumption. In Guangzhou, dine-in service has resumed recently.

WU SHUWEI, Restaurant owner in Guangzhou

On the first day we resumed business, and customers were even lining up for a table. And since then, every day we’d have guests waiting in line for entarence. We have rolled out a discount with the shopping mall, that is paying 66 yuan to get a 100-yuan coupon, hopefully to attract more customers after anti-COVID measures were optimized.

With reservation codes and ID cards, tourists can enter scenic spots in Shaoxing, Zhejiang Province

FAN DAWEI, Tourist from east China’s Shanghai

“Pandemic control and prevention measures have been put in place with successful outcomes. People comply with the measures consciously. So I feel rather at ease.”

Reservation codes and ID cards, tourists can enter scenic spots in Shaoxing, Zhejiang Province.

JIN XUELIN, Tourist from east China’s Shanghai
“It’s convenient to drive here from Shanghai. The traffic was smooth all the way. I hope things will get better.”

 

HU XIUWEI, Deputy director, Social Affairs Department, Shaoxing Museum

“Now visitors can come to our museum after reservations. Although COVID response has been optimized to some extent, we highly suggest that visitors wear masks properly, maintain social distancing and be responsible for their own health.”