ပါရီ ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) ယခုရက်သတ္တပတ်အစောပိုင်းက ပြုလုပ်သည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ၏ ညီလာခံတွင် ပြင်သစ်နိုင်ငံ မြေထဲပင်လယ်မြို့တစ်မြို့ဖြစ်သော နိုက်မြို့(Nice) ကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ ကြောင်း သိရသည်။ “ မြစ်ကမ်းနံဘေး ဆောင်းရာသီအပန်းဖြေမြို့လေး”အဖြစ် တည်ရှိနေသော နိုက်မြို့လေးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်...
ဂျေရုဆလင်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်မှုမြင့်မားလျက်ရှိသော အန္တရာယ်အား စိုးရိမ်သောကြောင့် အစ္စရေးနိုင်ငံက ၎င်း၏နိုင်ငံသားများအား ဗြိတိန်၊ ဂျော်ဂျီယာ၊ ဆိုက်ပရပ်စ်နှင့် တူရကီနိုင်ငံတို့သို့ ခရီးသွားခြင်းကို ဇူလိုင် ၃၀ ရက်မှစ၍ တားမြစ်လိုက်ကြောင်း အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေးနိုင်ငံအနေဖြင့်...
တိုကျို၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) အိုလံပစ်ကျေးရွာတွင် ထရီနီဒတ်နှင့်တိုဘက်ဂိုနိုင်ငံမှ အားကစားသမား ၂ ဦး နှင့် နည်းပြ ၁ ဦး အား COVID-19 ပိုး စစ်ဆေးတွေ့ရှိပြီးနောက် တိုကျိုအိုလံပစ်အားကစားပွဲများမှ ထုတ်ပယ်ခဲ့ကြောင်း ထရီနီဒတ်နှင့်တိုဘက်ဂို အိုလံပစ်ကော်မတီက ဇူလိုင် ၃၀ ရက်တွင် ကြေညာခဲ့သည်။...
ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အာကာသအေဂျင်စီက Chang’e-5 အာကာသယာဉ်မှ ပြန်လည်ယူဆောင်လာသော လမျက်နှာပြင် နမူနာပစ္စည်းများ၏ ဒုတိယအသုတ် အွန်လိုင်းဒေတာဘေ့စ်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။ သုတေသီများနှင့် အများပြည်သူများအနေဖြင့် အချက်အလက်နှင့် နမူနာများအား လျှောက်ထားနိုင်သော www.clep.org.cn ဝက်ဘ်ဆိုက်မှတစ်ဆင့် လကမ္ဘာနှင့် နက်ရှိုင်းသော အာကာသ...
ပရက်ဂ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) ချက်သမ္မတနိုင်ငံ အစိုးရက ကာကွယ်ဆေးထိုးနှံမှုနှုန်း မြှင့်တင်သည့်အနေဖြင့် COVID-19 ကာကွယ်ဆေး ထိုးနှံထားသည့် အစိုးရဝန်ထမ်းများအား လစာအပြည့်ဖြင့် အားလပ်ရက် နှစ်ရက်ထပ်မံပေးမည့် အစီအမံတစ်ခုအား ဇူလိုင် ၃၀ ရက်က ခွင့်ပြုခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ...
ဘေရွတ်၊ ဇူလိုင် ၃၀ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြောက်ပိုင်း Qoubaiyat ကျေးရွာတွင် အကြီးအကျယ် မီးလောင်ကျွမ်းမှုသည် ဒုတိယရက်မြောက်အဖြစ် ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း ဒေသတွင်းမီဒီယာတစ်ခုတွင် ဇူလိုင် ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံနေထိုင်သူများက မီးငြှိမ်းသတ်ရန် ရေကားများ စုဆောင်းပေးခဲ့ကြောင်း၊ တချိန်တည်းမှာပင် လက်ဘနွန်နိုင်ငံ၏ မီးသတ်တပ်ဖွဲ့နှင့်...
တိုကျို၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) မကြာသေးမီက COVID-19 ရောဂါဖြစ်ပွားမှု အရေအတွက် မြင့်တက်လာပြီးနောက် COVID-19 အရေးပေါ်အခြေအနေ ဒေသများအဖြစ် ထည့်သွင်းရန် ဂျပန်နိုင်ငံ ဗဟိုအစိုးရအား တိုကျိုမြို့အနီးရှိ စီရင်စု ၃ ခုက ပူးတွဲတောင်းဆိုသွားမည်ဖြစ်ကြောင်း ချီဘာစီရင်စု အုပ်ချုပ်ရေးမှူး Toshihito Kumagai ၏...
ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကြား ကုန်သွယ်ရေးသည် နှစ်ဘက် ဆွေးနွေးဘက်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ၈၅ ဆ မြင့်တက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ တရုတ်နိုင်ငံသည် ၁၂ နှစ်ဆက်တိုက် အာဆီယံ၏ အကြီးဆုံး...
ကမ်ပလာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ဖွံ့ဖြိုးဆဲနိုင်ငံများသို့ COVAX အစီအစဉ်ဖြင့် COVID-19 ကာကွယ်ဆေးများ ပိုမိုထောက်ပံ့သွားရန် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF)သည် တရုတ်ကုမ္ပဏီ Sinovac နှင့် လက်တလောတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။ UNICEF က အဆိုပါသဘောတူညီမှုအားကြေညာပြီးတစ်ရက်အကြာ ဖွံ့ဖြိုးဆဲနိုင်ငံသို့ ကာကွယ်ဆေးများ ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေနိုင်ရန်အတွက်...
ပေကျင်း ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တောင်ပိုင်း ပင်လယ်ပြင်တွင် ယနေ့ ညနေ ၂ နာရီ ၁၅ မိနစ်တွင် ပြင်းအား ၈.၁ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ ( CENC) ၏ ထုတ်ပြန်ချက် အရ...