ထျန်းကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) Holland America Line ကုမ္ပဏီမှ လုပ်ကိုင်သော Zuiderdam အပျော်စီးသင်္ဘောသည် နိုင်ငံနှင့် ဒေသ ၃၀ မှ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁,၁၀၀ ကျော် တင်ဆောင်လျက် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမြို့ရှိ Tianjin International Cruise...
ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ဂျော်ဂျီယာပြည်နယ်၏ ပါတီတွင်းသမ္မတလောင်းရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်ရန် ကိုယ်စားအလှယ် အရေအတွက် လုံလောက်စွာရရှိပြီဖြစ်ကြောင်း အမေရိကန်မီဒီယာများ၏ မတ် ၁၂ ရက် သတင်းဖော်ပြချက်များအရ သိရသည်။ ဂျော်ဂျီယာပြည်နယ် ပရိုင်မာရီရွေးကောက်ပွဲတွင်...
ဖူကျိုး၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးဆိပ်ကမ်း၊ Jiangyin ဂိတ်ပေါက်တွင် SAIC Motor ကော်ပိုရေးရှင်းလီမိတက်၊ Ningde စက်ရုံ၏ ခရီးသည်တင်ကားအလုပ်ရုံမှ ထုတ်လုပ်လိုက်သော မော်တော်ယာဉ် အစီးရေ လေးထောင်ကို ကားအတက်အဆင်းပြုလုပ်နိုင်သော ro-ro ကုန်တင်သင်္ဘော “Wisdom Ace” ပေါ်သို့...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ စိမ်းလန်းစိုပြည်ရေးအတွက် ယမန်နှစ်က သစ်တော ဟက်တာ ၃.၉၉၈ သန်း စိုက်ပျိုးခဲ့ကြောင်း မတ် ၁၂ ရက်ထုတ်တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။ အဆိုပါ ကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်က ရှိခဲ့သော သစ်တောဧရိယာ ဟက်တာ ၃.၈၃...
ဗီယင်ကျန်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြောက်ပိုင်း လွမ်ပရာဘန်ပြည်နယ်တွင် ကျင်းပသော ၃၀ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ တက်ရောက်လာသူများက အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) ၏ ကုန်သွယ်ရေး၊ အလုံးစုံစီးပွားရေး မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှု အားကောင်းစေရေးအတွက် ကတိပြုခဲ့ကြကြောင်း...
ကုလသမဂ္ဂ၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ကြရန် တရုတ်သံတမန်က မတ် ၁၁ ရက်၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဂါဇာဒေသ လက်ရှိပဋိပက္ခမှာ အချိန် ၅ လအတွင်း ရောက်ရှိလာပြီဖြစ်ကာ အမျိုးသမီးများကို ပြောမပြနိုင်လောက်အောင် ထိခိုက်မှုရှိလာခဲ့သည်။ မိခင်နှင့် သမီးမိန်းကလေး...
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသော အဆစ် အလီ ဇာဒါရီထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို မတ် ၁၀ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ညီအစ်ကိုကောင်းများဖြစ်ကြကြောင်း၊...
ဘူဒါပတ်စ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ၏ သမ္မတသစ် Tamas Sulyok ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားအား ဟန်ဂေရီသမ္မတအိမ်တော် Sandor Palace ရှေ့တွင် မတ် ၁၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအား စစ်ရေးပြအလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် သမိုင်းဝင်အလံ လွှင့်ထူခြင်းများနှင့် ဖျော်ဖြေတင်ဆက်မှုများဖြင့်...
ဂျေရုဆလမ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အစ္စရေးကာကွယ်ရေးတပ် (IDF) က ဟားမက်စ် ဒုတိယ စစ်ဘက်ခေါင်းဆောင် မာဝန်အစ်ဆာ (Marwan Issa) နေထိုင်သည်ဟု ယူဆထားသည့် ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်တစ်ခုကို မတ် ၁၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အစ္စရေး၏ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုအတွင်း...
ဘရပ်ဆဲလ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရုံးချုပ်၌ မဟာမိတ်အဖွဲ့ထဲသို့ ဆွီဒင်နိုင်ငံ ဝင်ရောက်သည့်အထိမ်းအမှတ်အနေဖြင့် အခမ်းအနားတစ်ရပ်အား မတ် ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွီဒင်နိုင်ငံအလံကို အခြားမဟာမိတ်အဖွဲ့ဝင်နိုင်ငံအလံ ၃၁ ခုနှင့်အတူ ပူးတွဲလွှင့်တင်ခဲ့ကြောင်း သိရသည်။ ဆွီဒင်နိုင်ငံသည်...