ဘူဒါပက်စ်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုအစီအမံက ကမ္ဘာ့နိုင်ငံများကို တည်ငြိမ်မှု၊ ရေရှည်တည်တံ့သော ကြီးပွား တိုးတက်မှုနှင့် လူမူရေးပေါင်းစည်းညီညွတ်မှုများကို ကြိုးစားရှာဖွေရန် တန်ဖိုးကြီးသော ထိုးထွင်း သိမြင်မှုများ ပေးအပ်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနနှင့် မကြာသေးမီကပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ဟန်ဂေရီ အလုပ်သမားပါတီဥက္ကဋ္ဌ ဂယူလာသာမာက ပြောကြားခဲ့သည်။...
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
လန်ဒန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အောက်တိုဘာ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်က လီဗာပူးလ်ကို အိမ်ကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး လီဗာပူးလ်အား ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲဆက်တိုက် ရှုံးပွဲတွေ့စေခဲ့သည်။
ရီချန်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ကုန်တင်သင်္ဘောကို အောက်တိုဘာ ၂၃ ရက်က နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့တွင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ သင်္ဘောကို စတင်အသုံးပြုခြင်းက နိုင်ငံ၏ အစိမ်းရောင်နှင့် ဉာဏ်ရည်ထည့်သွင်းထားသော ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် အဓိကမှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ဖော်ပြလျက်ရှိသည်။
ဟူဟော့၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှင်းအန်းမုန်ဒေသခွဲ၏ ခဲအယ်ချင့်ဧရိယာရှိ ဝူကျောင်ဖုန်း ရှုခင်းသာနေရာတွင် အစောပိုင်း နှင်းကျနေသည့်ကြားက အနီရောင်မေပယ်ပင်များကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ခံစားရမည်ဖြစ်သည်။ (Xinhua)
တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း အလုံးစုံဆန်းသစ်ပြောင်းလဲမှုတွင် လူပုံစံတူစက်ရုပ်များဟူသော ကွဲပြားခြားနားသည့် လုပ်သားအင်အားတစ်ရပ် ရှိနေပြီဖြစ်ကာ ယင်းမှာ အနာဂတ် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း မဟုတ်တော့ပေ။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကို မည်သို့ဦးဆောင်နေပုံနှင့် လာမည့်ငါးနှစ်တာအတွင်း Innovate China မဟာဗျူဟာက မည်သည်တို့အား ဆောင်ကြဉ်းပေးမည်ကို လေ့လာကြည့်ကြပါစို့။ (Xinhua)
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များက နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဒုတိယမြောက်နေ့ ဆွေးနွေးမှုများကို အောက်တိုဘာ ၂၆ ရက်က ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
-တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၃.၀ အောင်မြင်စွာ ထူထောင်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ရန် တရုတ်နိုင်ငံက အသင့်ရှိဟု တရုတ်ဝန်ကြီးချုပ် ပြော
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ တရားဝင်အခမ်းအနား ပြုလုပ်ကာ အရှေ့တီမောနိုင်ငံအား အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ကြိုဆိုခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ရှန်ဟိုင်းဒစ္စနေလန်းသည် ၂၀၂၄ ခုနှစ်တွင် လာရောက်လည်ပတ်သူ ၁၄.၇ သန်းကို လက်ခံကြိုဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ပဉ္စမမြောက် လာရောက်လည်ပတ်မှုအများဆုံး ဇာတ်လမ်းနောက်ခံပြု အပန်းဖြေဥယျာဉ်အဖြစ် ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ၌ ရုံးချုပ်စိုက်သည့် အကျိုးအမြတ်အတွက် မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း Themed Entertainment...