ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) စက်တင်ဘာ ၃ ရက်က ကျင်းပပြုလုပ်သည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ တရုတ်နိုင်ငံ၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင်အခြေပြု သုံးမျိုးပေါင်းစပ် မဟာဗျူဟာမြောက် နျူကလီးယားလက်နက်...
မနီလာ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အဇစ်ဖ်ချီးမားကို တရုတ်နိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၂ ရက်က အတည်ပြုကြေညာခဲ့သည်။ ချီးမားမှာ အရည်အသွေးမြင့်ပြီး ရေရှည်တည်တံ့သည့် စီမံကိန်းများအား အလေးထားသည့် နိုင်ငံလုံးဆိုင်ရာမိတ်ဖက်ဆောင်ရွက်မှုမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အပါအဝင် တရုတ်နိုင်ငံရှိ အာရှဖွံ့ဖြိုးရေးဘဏ်၏...
မက်ဒရစ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာစီလိုနာနောက်ခံလူ အလီဂျန်ဒရို ဘယ်လ်ဒီမှာ ဒူးကောက်ကြောဒဏ်ရာတစ်ခုရရှိသွားခဲ့ပြီး တစ်လဝန်းကျင် အနားယူရမည်ဖြစ်ကြောင်း ဘာစီလိုနာက စက်တင်ဘာ ၃ ရက်က အတည်ပြုကြေညာခဲ့သည်။ ဘာစီလိုနာဝက်ဆိုက်မှ အတည်ပြုထုတ်ပြန်ချက်အရ ဘယ်လ်ဒီမှာ ဘာစီလိုနာ၏ သီတင်းပတ်ကုန် နောက်ဆုံးလေ့ကျင့်ရေးတွင် ဘယ်ဘက်ခြေထောက်၌ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်ကစားနိုင်မည့်အချိန်မှာ ကစားသမား၏...
ကဘူးလ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးယာယီတာဝန်ခံ Bao Xuhui သည် အာဖဂန်နစ္စတန် အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် မူဟမ်မက်အလမ်အလမ်ယာ နှင့်တွေ့ဆုံပြီး တရုတ်အဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားမှတရုတ်အသင်းအဖွဲ့များနှင့်တရုတ်နိုင်ငံသံရုံး တို့မှ လှူဒါန်းသည့် ငလျင်ကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။ Kunar နှင့် အခြားအာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ်တချို့တွင်...
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အီရန်နိုင်ငံ သမ္မတ Masoud Pezeshkian နှင့် စက်တင်ဘာ ၂ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ Pezeshkian သည် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်...
မက်ဒရစ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အဲလက်စ်ဘေနာသည် စိုးရိမ်ဖွယ်ရာအူအတက်ရောင်ခြင်းကြောင့် ခွဲစိတ်မှုလုပ်ဆောင်ရန်လိုအပ်ကြောင်း ကလပ်က အတည်ပြုခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်၏ စပိန်လက်ရွေးစင်ကစားသမား အဲလက်စ်ဘေနာသည် ပွဲဦးထွက်မကစားနိုင်သေးဘဲ အနည်းဆုံးနောက်လအထိ ရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်း သိရသည်။ ကလပ်က အဆိုပါသတင်းကို ၎င်း၏တရားဝင်ဝက်ဘ်ဆိုက်မှ အတည်ပြုခဲ့ပြီး “ဘေနာ နေကောင်းပါတယ်၊ ဆေးရုံကဆင်းရဖို့မျှော်လင့်နေပါတယ်၊ အက်သလက်တီကိုမက်ဒရစ်နဲ့လေ့ကျင့်ခန်း ဘယ်အချိန်ပြန်ဆင်းမယ်...
မက်ဒရစ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) စက်တင်ဘာ ၄ ရက်နှင့် ၇ ရက်တို့တွင် ယှဉ်ပြိုင်ကစားရမည့် ဘူလ်ဂေးရီးယား၊ တူကီယဲအသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဝေးကွင်းပွဲစဉ်များမတိုင်မီ နိုင်ငံလက်ရွေးစင်အသင်းနှင့် ပထမဆုံး လေ့ကျင့်ခန်းဆင်းသည့်နေ့၌ စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးက ဘာစီလိုနာအသင်း၏ လူငယ်ကြယ်ပွင့် လာမင်း ယမားလ်အား ချီးကျူးပြောဆိုခဲ့သည်။...
ဂျူဘာ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ဟူနန်နိုင်ငံတကာစီးပွားရေးသက်မွေးကောလိပ် (Hunan International Business Vocational College) မှ တရုတ်ပညာရှင်များက တောင်ဆူဒန်နိုင်ငံ မြို့တော်ဂျူဘာတွင် ဒေသခံတာဝန်ရှိသူများအတွက် အကျပ်အတည်းစီမံခန့်ခွဲမှုနှင့် တုံ့ပြန်ရေးဆိုင်ရာ လေ့ကျင့်ရေးနှီးနှောဖလှယ်ပွဲကို စက်တင်ဘာ ၂ ရက်၌ စတင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့်...
နယူးဒေလီ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရန်ဒြာရာမိုဒီ၏ဖိတ်ကြားချက်အရ စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်မှာ ၎င်း၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအလည်အပတ်ခရီးအဖြစ် စက်တင်ဘာ ၂ ရက်ညက နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဝေါင်၏ ၃ ရက်ကြာမြင့်မည့် တရားဝင်အလည်အပတ်ခရီးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အကြီးတန်းအရာရှိကြီးများ အပါအဝင်...
ချုံချင့်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ကောင်းကင်ယံတစ်လျှောက် ဝေသာလီဗျိုင်းငှက်များ ပျံသန်းကခုန်လျက်ရှိပြီး မြို့၏ ရှင်သန်နေသော ဂေဟဗေဒစနစ်ကို မီးမောင်းထိုးဖော်ပြနေသည့် လိုက်ဖက်ညီသော ရှုမြင်ကွင်းကို ဖန်တီးပေးလျက်ရှိသည်။ (Xinhua) …………………………………….. (English Version) Egrets dance across sky in...