ဟစ်ကရီအခွံမာသီးများကို ခူးဆွတ်သည့်ရာသီ ရောက်ရှိနေပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ဟစ်ကရီသီးမြို့တော်ဖြစ်သည့် ဟန်ကျိုးမြို့ လျင်အန်းခရိုင်တွင် တောင်သူများက ပင်ပင်ပန်းပန်း လုပ်အားအသုံးပြုခြင်းထက် ဒရုန်းများကို အစားထိုးအသုံးပြုလျက်ရှိသည်။ အလေးချိန် ၄၀ ကီလိုဂရမ်ရှိသော အိတ်များကို တောင်အောက်သို့ မိနစ် ၃၀ ကြာ သယ်ယူပို့ဆောင်မည့်အစား ဒရုန်းများအသုံးပြုကာ အချိန် ငါးမိနစ်ခြောက်မိနစ်တည်းဖြင့် တောင်အောက်သို့ ပို့ဆောင်ပေးနိုင်ပြီဖြစ်သည်။...
ဆိုးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၏မော်တော်ယာဥ်တင်ပို့မှုသည် ဥရောပမှခိုင်မာသည့်မှာယူမှုကြောင့် တတိယမြောက်လအဖြစ် ဆက်လက်တိုးတက်လာခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက် အစိုးရထုတ်ပြန်ချက်အရသိရသည်။ မော်တော်ကားတင်ပို့မှုသည် ဇွန်လနှင့်ဇူလိုင်လတို့တွင် ဂဏန်းတစ်လုံးသာ တိုးတက်လျက်ရှိရာမှ သြဂုတ်လတွင် ယမန်နှစ်ကာလတူထက် ၈.၆ ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း...
စင်ကာပူ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် သြဂုတ်လအတွင်း တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ စုစုပေါင်း ၃၉၈,၀၀၀ ဦးကျော် ရှိခဲ့ကြောင်း မြို့ပြနိုင်ငံ၏ထိပ်တန်းစျေးကွက်အရင်းအမြစ်ဖြစ်သည့် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က စက်တင်ဘာ ၁၅ ရက်၌ မှတ်ချက်ပြုပြောကြားခဲ့သည်။ ယခင်လက စင်ကာပူနိုင်ငံသို့ နိုင်ငံတကာမှလာရောက်လည်ပတ်သူ ၁.၆ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်...
ဘာလင်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘွန်ဒက်စ်လီဂါကလပ် မွန်ချန်ဂလာဘတ်ချ်အသင်းအနေဖြင့် ရာသီအစပိုင်းတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် နည်းပြချုပ်ဖြစ်သူ ဂျယ်ရာဒို ဆီအွန်းနှင့် လမ်းခွဲလိုက်ကြောင်း အဆိုပါ ကလပ်အသင်းက စက်တင်ဘာ ၁၅ ရက်၌ အတည်ပြုခဲ့သည်။ ဂလာဘတ်ချ်မှာ ပြီးခဲ့သည့်ရာသီနှောင်းပိုင်းနှင့် ယခုရာသီ အစောပိုင်းတို့တွင် လိဂ်ပွဲစဉ် ၁၀...
မင့်စ်ခ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရုရှား-ဘီလာရုစ် မဟာဗျူဟာမြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဇာပက်ဒ်-၂၀၂၅ (Zapad-2025) ၏ အဓိကအဆင့် စစ်ရေးလေ့ကျင့်မှုများကို ဘီလာရုစ်နိုင်ငံတွင် စက်တင်ဘာ ၁၅ ရက်က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုစစ်ရေးလေ့ကျင့်မှုများတွင် ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများ အပါအဝင် သဏ္ဌာန်တူဖန်တီးထားသော ရန်သူများအား ခြေလျင်တပ်များက...
-ပါကစ္စတန်နှင့် အီရန်မှ သုံးရက်အတွင်း အာဖဂန်ဒုက္ခသည်အိမ်ထောင်စု ၃,၄၀၀ ကျော် နေရပ်ပြန်လည်ရောက်ရှိ – ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား စတင်ဖွင့်လှစ်ချိန်မှစ၍ ခရီးသည်ခရီးစဉ် အကြိမ်ရေ သန်း ၉၀ ကိုင်တွယ်ဆောင်ရွက် – အမေရိကန်နှင့် ဂျပန်အနေဖြင့် တိုင်ဖွန်းဒုံးကျည်စနစ်အား ဆောလျင်စွာ ပြန်လည်ရုပ်သိမ်းရန် တရုတ်နိုင်ငံက တိုက်တွန်း – တရုတ်နှင့် အမေရိကန်တို့...
ဝူးလူမုချီ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး သဲကန္တာရဖြစ်သည့် တာ့လီမခန်းသဲကန္တာရာတွင် ငါး၊ပုဇွန် ပင်လယ်စာမွေးမြူရေးလုပ်ငန်းများက ငါးဖမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ငါးမွေးမြူရေးလုပ်ငန်းများသည် ဒေသထွက် ဆားငန်-အယ်ကာလီရေကို အသုံးပြုကာ ရွှေရောင်ငါးမုတ်၊ ကဘီးလူးငါးမျိုးနှင့် အခြားသော ပင်လယ်စာများကို မွေးမြူလေ့ရှိကြသည်။ (Xinhua) …………………………………….. (English...
ဂျီနီဗာ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ဥရောပ-တရုတ် လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် တက်ရောက်သူ ၁၂၀ ခန့် စုဝေးခဲ့သည်။...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အဆင့်မြင့်ဆွေးနွေးပွဲများကို ကုလသမဂ္ဂက ကြိုဆိုကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။ “သူတို့ရဲ့ စီးပွားရေး ဆက်ဆံရေးက ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိတာကြောင့် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးပွဲတွေကို...
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါပူအာ နယူးဂီနီနိုင်ငံ၏ နှစ် ၅၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခါသမယတွင် ပါပူအာ နယူးဂီနီနိုင်ငံ ဘုရင်ခံချုပ် ဘော့ဘ် ဒက်ဒေးထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ ပါပူအာ နယူးဂီနီနိုင်ငံမှာ...