မော်စကို ၊ မေ ၂၆ ရက် (ဆင်ဟွာ) စာချုပ်အရ စစ်တပ်တွင် တာဝန်ထမ်းဆောင်လိုသူများအတွက် အသက်အရွယ်ကန့်သတ်ချက်အား ပယ်ဖျက်ရန် ရုရှားလွှတ်တော်က မေ ၂၅ ရက်တွင် ဥပဒေမူကြမ်းတစ်ရပ်ကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခင်က အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း ရုရှားနိုင်ငံသားများ နှင့်...
တိုကျို/ဆိုးလ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်နှစ်ဇန်နဝါရီလတွင် သမ္မတတာဝန်ကိုစတင်ထမ်းဆောင်ပြီးချိန်မှစ၍ ပထမဆုံး ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်သည် အာရှတိုက် နှစ်နိုင်ငံ၌ ပြည်သူများ၏ ဆန္ဒပြမှုများကြား၌ပင် တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံသို့သွားရောက်ခဲ့သည်။
ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါအရိပ်အောက်မှ လွတ်မြောက်စပြုလာချိန်တွင် ယူကရိန်းပဋိပက္ခကြောင့် စိန်ခေါ်မှုများဖြင့် ထပ်မံ ရင်ဆိုင်ရပြန်သည်။
ဒါကာ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး Padma တံတားကြီးကို ဇွန် ၂၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကုန်းလမ်းပို့ဆောင်ရေးနှင့်လမ်းတံတားရေးရာ ဝန်ကြီး Obaidul Quaderက မေ ၂၄ ရက် (အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမလေးလအတွင်း ဆက်လက်တိုးတက်လာသည်ကို တွေ့မြင်ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်အတွင်းရှိ မူလတန်းစာသင်ကျောင်းတစ်ခု၌ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော ပစ်ခတ်မှုနှင့်ပတ်သက်၍ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မိကာ ဝမ်းနည်းရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဝူးလူမုချီ ၊ မေ ၂၅ ရက်(ဆင်ဟွာ) ရှင်းကျန်းနှင့်ပတ်သက်၍ အနောက်နိုင်ငံအချို့မှ နိုင်ငံရေးသမားများက အလိမ်အညာများ နှင့် တမင်ဖန်တီးသည့် မမှန်သတင်းများ ဆက်လက်ဖြန့်ဖြူးနေသော်လည်း ရှင်းကျန်းဒေသ၏ မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှု နှင့် ထူးခြားမှတ်သားဖွယ် အောင်မြင်ဖြစ်ထွန်းမှုများသည် အမှန်တရားကို ဖော်ပြနေသည်။
တက္ကဆက်စ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွါးရာ ကလေးငယ် ၁၈ ဦး အပါအဝင် သေဆုံးသူ ၂၁ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တက္ကဆက်စ်ပြည်နယ် အများပြည်သူလုံခြုံရေး ဌာန၏ ပြောကြားချက်ကို ကိုးကား၍ ပြည်နယ်ဆီးနိုတ်လွှတ်တော် အမတ်တစ်ဦးက...
မော်စကို ၊ မေ ၂၅ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများ၏ အကူအညီများ တိုးလာပြီး ရုရှားနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို၊ မေ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံပိုင် Ceylon Petroleum Corporation (CPC) ကုမ္ပဏီက နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှု ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ မေ ၂၄ ရက်၌ လောင်စာဆီဈေးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။