Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အပူချိန်ပြင်းထန်မှုကြောင့် လူလေးဦးသေဆုံးမှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ံ ဒါကာမြို့တွင် ထီးများဆောင်းကာ နေပူဒဏ်ကာကွယ်၍ လှေပေါ်လိုက်ပါမည့်သူများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ လမ်းများတွင် ဧပြီ ၂၁ ရက်က ပုံမှန်ထက်ကူးလူးသွားလာလှုပ်ရှားမှုများ နည်းပါးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒါကာမြို့တွင် အပူချိန် အလွန်ပြင်းထန်သောကြောင့် အမိုးဖွင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ရပ်နားထားရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူသန်းပေါင်းများစွာမှာ အပူနှင့်ဆက်နွယ်သော အန္တရာယ်ရှိကြောင်းပြင်းထန်သော နွေရာသီ၏ အစပိုင်း ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်ပြီး ကျွမ်းကျင်သူများက သတိပေးထားသည်။ ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအပူလျှပ်မှုကြောင့် သေဆုံးခဲ့သည်ဟုဆိုသည်။


ထို့ကြောင့် နိုင်ငံအတွင်း အပူလျှပ်မှုကြောင့် သေဆုံးသူ လေးဦးအထိရှိလာပြီဖြစ်သည်။ ပြင်းထန်သော အပူချိန်ကို ရှောင်ရှားနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ကောလိပ်များ၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ဧပြီ ၂၁ ရက်မှ ၂၇ ရက်အထိ ပိတ်ထားရန်ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံအတွင်း ဒေသအများအပြား၌ အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိ လာနိုင်သဖြင့် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ထားရန် သက်ဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်းထားခဲ့ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဦးစီးဌာန (ဘီအမ်ဒီ) က အပူလှိုင်းသတိပေးချက်ကို ထုတ်ပြန်ထားပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်နွေရာသီ၏ အမြင့်ဆုံးအပူချိန်မှာ ဂျက်ဆိုးခရိုင်တွင်ဖြစ်ပြီး ၄၂ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိခဲ့ကြောင်း မိုးလေဝသပညာရှင် ဆူလ်တာနာကပြောသည်။

မြို့တော်ဒါကာရှိ အပူချိန်မှာ ဧပြီ ၂၀ ရက်က ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ဒါကာတွင် ပြီးခဲ့သည့်နှစ် ဧပြီ ၁၆ ရက်တွင် အပူချိန် ၄၀ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့သောကြောင့် နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Bangladesh swelters in scorching heat, 4 deaths reported
DHAKA, April 21 (Xinhua) — Streets in Dhaka, Bangladesh’s capital, Sunday had fewer pedestrians than usual.
Also, work had stopped in some open-air construction sites in view of the deadly heat scorching in Dhaka where bitumen on several roads had melted in the midday heat, further evidence of the blistering temperature.
Millions of people are at risk of heat-related impacts in the country, experts have warned, linking the early onset of an intense summer to climate change.
A middle-aged woman reportedly died from heat stroke on Sunday morning. So far, four people, allegedly due to heat stroke, died in the past two days in the country.
To cope with the unbearable heat, the government has decided to keep all schools, colleges, madrasas, and technical education institutions across the country closed from April 21 to 27.
The Bangladeshi government urged the relevant authorities to take precautionary measures to manage blistering summer heat, which touched highs of 42 degrees Celsius in parts of the country.
Bangladesh Meteorological Department (BMD) has already issued a “heatwave warning”.
Sultana said Bangladesh’s highest temperature of this summer season was recorded at 42.6 degrees Celsius in Jashore on Saturday.
In Dhaka, the temperature rose to 40 degrees Celsius Saturday, she said.
Photo- People aboard boats shield themselves from the sun with umbrellas in Dhaka, Bangladesh, April 21, 2024. (Xinhua)