အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံက Shaheen-III မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်အား ဧပြီ ၉ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘုံစုပေါင်းပါဝင်သော ၊ ပြီးပြည့်စုံသော ၊ ပူးပေါင်းလုပ်ဆောင်မှုရှိသော နှင့် စဉ်ဆက်မပြတ်ရေရှည်တည်တံ့ခိုင်မြဲသော လုံခြုံရေး စိတ်ကူးစိတ်သန်း အမြင်တစ်ခုကို အားပေး ထောက်ခံလျက်ရှိသည်။
ရှန်ဟိုင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကုသရေးအတွက် ကုတင် ၆၀၀ ကျော်ဖြင့် ယာယီဆေးရုံ ၁၀၀ ကျော် တည်ဆောက်လျက်ရှိကြောင်း ရှန်ဟိုင်းမြူနီစီပယ် အစိုးရက ဧပြီ ၉ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဗလာဒီမော့စ်တော့ခ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် Amur ဒေသအရှေ့ဖျားရှိ Vostochny Cosmodrome အာကာသယာဉ် လွှတ်တင်ရေးနေရာမှ Luna-25 လပေါ်သွားအာကာသယာဉ် လွှတ်တင်ရန် စီစဉ်ထားကြောင်း RIA Novosti သတင်းအေဂျင်စီက ဧပြီ ၈ ရက်က သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် (Xi Jinping) သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတရိုဒရီဂို ဒူတာတေး(Rodrigo Duterte) နှင့် ဧပြီ ၈ ရက်တွင် တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိဗ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးရေးအချက်ပြမှုအဖြစ် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell တို့ ကိဗ်သို့ လာရောက်လည်ပတ်သည့် ခရီးစဉ်ကို ယူကရိန်း သမ္မတ...
ချုံချင့်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယန်ဇီ မှ အင်ဒိုချိုင်းနားကျွန်းဆွယ် သို့ ပထမဆုံးအကြိမ် ပြေးဆွဲမည့် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်၏ အပြည်ပြည်ဆိုင်ရာ ကုန်းကြောင်း-ရေကြောင်း ပူးတွဲသယ်ယူပို့ဆောင်ရေးရထားကြီး သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့် မြူနီစီပယ်ဒေသရှိ ကော်ယွမ်ဆိပ်ကမ်းမှ ဧပြီ ၇ ရက်တွင် စတင်ထွက်ခွါခဲ့ပြီး...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ (Nancy Pelosi) က ထိုင်ဝမ်သို့ လာရောက်မည့် ခရီးစဉ်အား ဆက်လက်လုပ်ဆောင်ပါက တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာ နှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကိုကာကွယ်ရန်အတွက် ခိုင်မာပြတ်သားစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး အမေရိကန်ဘက်မှ နောက်ဆက်တွဲ...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက “COVID-19 က ခွဲခြားပြီးကူးစက်ခံရမှုမရှိဘူးဆိုပေမဲ့ အမေရိကန်အသိုင်းအဝိုင်းမှာတော့ခွဲခြားကူးစက်ခံနေရတာဖြစ်ပါတယ်” ဟု ဧပြီ ၆ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကုလသမဂ္ဂ စီးပွားရေးပညာရှင်များနှင့် ပူးပေါင်းလျက် ဆင်းရဲသူများ အခွင့်အရေးဆိုင်ရာ အမေရိကန် အဖွဲ့အစည်းတစ်ခုက “ဆင်းရဲသောပြည်သူများ၏...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) အဆင့်မြှင့်တင်ရေး လုပ်ထုံးလုပ်နည်းသည် ဧပြီလ ၈ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ နှစ်နိုင်ငံတို့သည် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ရန်...