Connect with us

Media

ဂါဇာသို့ လေကြောင်းမှ အကူအညီများ ချပေးရန် အီဂျစ်က နိုင်ငံတကာအော်ပရေးရှင်းတွင် ပူးပေါင်း

ကိုင်ရို၊ မတ် ၈ ရက် (ဆင်ဟွာ)

လက်ရှိ အစ္စရေးတို့ ဝိုင်းရံဗုံးကြဲတိုက်ခိုက်ခံနေရသည့် ပါလက်စတိုင်းဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအား လေထီးဖြင့် ချပေးရန် နိုင်ငံတကာအော်ပရေးရှင်းတွင် အီဂျစ်နိုင်ငံက ပါဝင်ခဲ့ကြောင်း အီဂျစ်စစ်တပ်က မတ် ၇ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
“အီဂျစ်လေတပ် တပ်ဖွဲ့ဝင်တွေက ဂျော်ဒန်နိုင်ငံကနေ ဂါဇာဒေသထဲကို လေထီးနဲ့ အကူအညီတွေ ချပေးဖို့ နိုင်ငံတကာမဟာမိတ် အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အဆိုပါအော်ပရေးရှင်းတွင် ဂျော်ဒန် ၊ အမေရိကန် ၊ ပြင်သစ် ၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Egypt joins int’l operation to airdrop aid to Gaza
Egypt has joined an international operation to airdrop humanitarian aid to the Palestinian Gaza Strip which is currently facing ongoing Israeli siege and bombardment, the Egyptian military said in a statement on Thursday.
“Members of the Egyptian Air Force participate in the international coalition to airdrop aid into Gaza from Jordan,” the statement said, noting that Jordan, the United States, France, the Netherlands, and Belgium also took part in the operation.
Xinhua News Agency correspondents reporting from Cairo.(XHTV)