နယူးရောက်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရုရှား၏ရေနံတင်ပို့မှုအပေါ် ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့မည့် အလားအလာကြောင့် ကုန်သည်များအနေဖြင့် ချိန်ဆနေရ၍ ကနဦးဒဏ်ခတ်ပို့ဆို့မှုအပြီး ခုန်တက်ခဲ့သည့် ရေနံဈေးနှုန်းမှာ မတ် ၂၂ ရက်တွင် ကျဆင်းခဲ့ကြောင်း သိရသည်။
ဟူစတန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်-အလယ်ပိုင်း တက္ကဆက်ပြည်နယ်နှင့် အိုကလာဟိုးမားပြည်နယ်ရှိ နေရာများ၌ မတ် ၂၁ ရက်က လေဆင်နှာမောင်းများ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့ပြီးနောက် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ဆန္ဒရှိပါက တင်းမာမှုများ အရှိန်မြင့်လာခြင်းကို ရပ်တန့်ရမည် ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခရီးသည် ၁၃၂ ဦး စီးနင်းလိုက်ပါသွားသော ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် အသက်ရှင်ကျန်ရစ်သူမတွေ့ရှိရသေးကြောင်း လေကြောင်းမှ တာဝန်ရှိသူက မတ် ၂၂ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။
နန်နင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားသည့် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသော ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှုခရီးစဉ် အသေးစိတ်အကြောင်းအရာကို အလိုအလျောက် မှတ်တမ်းတင်ပေးသည့် စက်ကိရိယာ(Black Boxes)များအား ပြန်လည်ရယူရန် ကယ်ဆယ်ရေးသမားများက အစွမ်းကုန်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း...
အစ္စလာမ်မာဘတ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi တို့သည် မတ် ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နယ်ပယ်စုံ၌ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ဘာလင် ၊ မတ် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်လျှပ်စစ်ကားကုမ္ပဏီဖြစ်သော တက်စလာ(Tesla) သည် ဥရောပတိုက်တွင် ၎င်း၏ ပထမဆုံး Gigafactory စက်ရုံသစ်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့တော်အနီးရှိ Gruenheide ခရိုင်မြို့ငယ်လေး၌ မတ် ၂၂ ရက် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နန်နင်း ၊ မတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားပြီးနောက် မတ် ၂၂ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ကိုလံဘို၊ မတ် ၂၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဝယ်ယူသူ လူတန်းရှည်ကြီးဖြစ်ပွားမှုအတွင်း အစိုးရပိုင် Ceylon Petroleum ကော်ပိုရေးရှင်းက လည်ပတ်နေသော စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင် မတ် ၂၂ ရက်၌ စစ်တပ် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအတွင်း အိုင်အက်စ် (IS) တည်ရှိနေသည်ဟူသော အမေရိကန် တပ်မှူးတစ်ဦး၏ ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း အာဖဂန်နစ္စတန် အိမ်စောင့်အစိုးရက ပယ်ချလိုက်သည်ဟု ဒေသတွင်းမီဒီယာက မတ် ၂၁ ရက်၌ သတင်းဖော်ပြခဲ့သည်။