ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဆူးလေ-လေဆိပ် ပြေးဆွဲပေးနေသောယာဉ်လိုင်းနှင့် အောင်မင်္ဂလာအဝေးပြေးပြေးဆွဲပေးနေသောယာဉ်လိုင်း နှစ်ခုအား ချိတ်ဆက်ပြေးဆွဲပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၉ ရက်တွင်ပြောကြားသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လူငယ်များအနေဖြင့် အင်တာနက်ကို လူမှုကွန်ရက်အတွက် နှင့် ဂိမ်းကစားရန်အတွက်သာ သုံးခြင်းမဟုတ်ဘဲ မိမိတို့ အရည်အချင်း တိုးတက်စေရေး ထိထိရောက်ရောက် အသုံးချပြီး လေ့လာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သော မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ခရီးသွားလုပ်ငန်းပြန်လည်ရှင်သန်ရေးလမ်းပြမြေပုံ (MTSRR) ကို အတည်ပြုပြီးဖြစ်သောကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍  အဆိုပါလမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် YBS စီးနင်းသူ ဦးရေ ၄၀၀,၀၀၀ ဝန်းကျင်ရှိရာမှာ ဒီဇင်ဘာလတွင် စီးနင်းသူဦးရေ ၅၀၀,၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်ခဲ့သောကြောင့် YBS ယာဉ်များအား အစီးရေ ၃၀၀၀ ကျော်အထိ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်ထဲတွင် ပါဝင်သည့် ဝံကြောင်တစ်ကောင်သည် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်သို့ရောက်ရှိလာရာ လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း လွိုင်ကော်မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးညီထွေးဦးကဆင်ဟွာသို့ ဒီဇင်ဘာ ၁၇ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို လုံခြုံရေး အရေအသွေးကောင်းမွန်စေရန် လာမည့် ၂၀၂၁ ခုနှစ်တွင် ထီလက်မှတ်များ အရောင်ပြောင်းလဲရိုက်နှိပ်ထားကြောင်း စီမံကိန်း၊ဘဏာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ /အေးလပြည့်

တရုတ်- အာဆီယံ သကြားထုတ်ကုန်၊ သကြားစိုက်ပျိုးရေးဆိုင်ရာ စက်အပိုပစ္စည်းပြပွဲကို ဒီဇင်ဘာလ ၁၉ ရက် မှ ၂၁ ရက် အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအား ယင်းပွဲတွင် ပါဝင်ပြသရန် ဖိတ်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှုကတ် (Yangon Payment Services -YPS) ကို အသုံးပြုလျက်ရှိသော YBS ယာဉ်ကြီးများတွင် ကားပေါ်အတက်၌ တစ်ကြိမ်သာ ငွေဖြတ်နိုင်ရန် ဒီဇင်ဘာ ၁၄ ရက်မှ စ၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင်ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါ ဖြေလျှော့မှုများဖြင့် ပြည်တွင်းခရီးစဉ်များပြန်လည်စတင်ချိန်တွင် ခရီးသွားများအတွက် ယာဉ်၊ရထား၊လေယာဉ်များ အပါအဝင် စားသောက်ဆိုင်များ၊ ဟိုတယ်များ တွင် ကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံမှုရှိပါက ခရီးစဉ်များအားဆောင်ရွက်ရန် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၈ ရက်တွင်ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

စီးတီးတက္ကစီ သက်တမ်းတိုးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ယာဉ်အစီးရေအလိုက် စီမံမှုများ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ စတင်လုပ်ဆောင်ဖြစ်မည့်အချိန်အား ကြိုတင်ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ဒီဇင်ဘာ ၅ ရက်တွင်ပြောသည်။