Connect with us

WORLD

တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးကို အသုံးပြုရန် ဘာရိန်းနိုင်ငံ ခွင့်ပြု

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေးပြပွဲ၌ ပြည်သူ့ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေး အထူးပြခန်းနေရာရှိ Sinopharm ပြခန်းတွင် COVID-19 တိုက်ဖျက်ရေး လူသား immunoglobulin ကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

မနန်မာ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘာရိန်းနိုင်ငံ ကျန်းမာရေးကြီးကြပ်မှုဌာနက China National Pharmaceutical Group သို့မဟုတ် Sinopharm မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး မှတ်ပုံတင်ခြင်းကို တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဘာရိန်း သတင်းအေဂျင်စီအရ သိရသည်။

အမျိုးသား ကျန်းမာရေးကြီးကြပ်မှုအာဏာပိုင်က လက်တွေ့စမ်းသပ်မှု အချက်အလက်များအပေါ် သုံးသပ်မှုနှင့် အကဲဖြတ်မှုများ တစ်ခုမကျန်ပြုလုပ်ပြီးနောက် ကာကွယ်ဆေးကို ခွင့်ပြုရန်နှင့် အသုံးပြုရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

“စေတနာ့ဝန်ထမ်းပေါင်း ၄၂,၂၉၉ ပါဝင်ထားတဲ့ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ရဲ့ ရလဒ်တွေအရ ကာကွယ်ဆေးဟာ ဆေးစွမ်းထက်မှု ၈၆ ရာခိုင်နှုန်းရှိပြီး ပဋိပစ္စည်း ဖြစ်ပေါ်မှု ၉၉ ရာခိုင်နှုန်းနှင့် ရောဂါဖြစ်ပွားမှု အလယ်အလတ်နှင့် ပြင်းထန်မှုကို ကာကွယ်ရာမှာတော့ ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်” ဟု သတင်းက ဖော်ပြထားသည်။

ဩဂုတ်လက ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှု အဆင့်-၃ တွင် ပါဝင်ခဲ့သော ဘာရိန်းနိုင်ငံသည် COVID-19 လူနာများနှင့် ထိတွေ့မှုရှိသော ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ပေးရေးအတွက် Sinopharm ၏ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် နိုဝင်ဘာလတွင် အသုံးပြုရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)

Bahrain approves Sinopharm’s COVID-19 vaccine for use

“Results from Phase III clinical trials showed an 86 percent efficacy rate, a 99 percent seroconversion rate of neutralizing antibody and 100 percent effectiveness in preventing moderate and severe cases of COVID-19, following testing on 42,299 volunteers.”

MANAMA, Dec. 15 (Xinhua) — Bahrain’s health regulator on Sunday announced it has officially approved the registration of a COVID-19 vaccine developed by the China National Pharmaceutical Group, or Sinopharm, according to Bahrain News Agency.

The National Health Regulatory Authority made the decision to approve and use the vaccine after thorough review and evaluation of the clinical trials data, the report said.
“Results from Phase III clinical trials showed an 86 percent efficacy rate, a 99 percent seroconversion rate of neutralizing antibody and 100 percent effectiveness in preventing moderate and severe cases of COVID-19, following testing on 42,299 volunteers,” said the report.

Bahrain, which has participated in Phase III clinical trials of the vaccine in August, authorized the emergency use of Sinopharm’s vaccine in November to cover those frontline professionals in contact with COVID-19 patients. ■

A staff shows anti-COVID-19 human immunoglobulin at the booth of Sinopharm in the special area for public health and epidemic prevention during the 2020 China International Fair for Trade in Services (CIFTIS) in Beijing, capital of China, Sept. 5, 2020. (Xinhua/Zhang Yuwei)