Connect with us

WORLD

ဘရူနိုင်ငံနိုင်ငံတွင် ၈ ရက်ဆက်တိုက် COVID-19 လူနာအသစ်မရှိ

ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂါဝမ်မြို့တွင် တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာပစ္စည်းများကို နေရာချနေစဉ် (ဆင်ဟွာ)

ဘန်ဒါဆရီဘဂါဝမ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘရူနိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ၁၅၂ ဦးရှိခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ရောဂါဖြစ်ပွားသူအသစ်မရှိကြောင်း သိရသည်။

ထို့ပြင် ရောဂါသက်သာသွားသူ အရေအတွက်စုစုပေါင်းမှာ ၁၄၃ ဦးရှိပြီး အမျိုးသား သီးသန့်ကုသရေးစင်တာ၌ ကုသမှုခံယူနေသူ တစ်ဦးသာကျန်ရှိတော့ကြောင်း ဘရူနိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။အဆိုပါ ဖြစ်ရပ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ရောဂါကူးစက်မှုတစ်ခုရှိခဲ့ချိန် ဒီဇင်ဘာ ၈ ရက်မှစ၍ ရောဂါဖြစ်ပွားမှုအသစ်မရှိခြင်း ၈ ရက်မြောက် အထိမ်းအမှတ် နေ့လည်းဖြစ်သည်။

မေလ ၆ ရက်တွင် ပြည်တွင်း နောက်ဆုံး ရောဂါကူးစက်မှုရှိခဲ့ပြီ ပြည်ပမှ ရောဂါဝင်ရောက်လာမှု စုစုပေါင်း ၁၁ ဦး ရှိခဲ့သည်။ လက်ရှိတွင် ဘရူနိုင်းနိုင်ငံ၌ COVID-19 ပြည်တွင်းကူးစက်မှုမရှိသည်မှာ ၂၂၄ ရက်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် လက်ရှိ၌ ပြည်ပသို့ ခရီးသွားရောက်ခဲ့ပြီး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူ ၆၉၁ ဦးအား အစိုးရအစီအစဉ်ဖြင့် စောင့်ကြည့်ရေးစင်တာများတွင် မလုပ်မနေရ သီးသန့်နေထိုင်ခြင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ဘရူနိုင်းနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.