News
သဘာဝဘေးအန္တရာယ်တွေကြားမှာ ပြည်သူများကို ကူညီပေးခဲ့သော ရဲတပ်ဖွဲ့
ကျောက်ထုန်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုန်းမြို့တွင် ဇွန် ၂၉ ရက်မှ ၃၀ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရွှံ့နွံရေစီးကြောင်းဖြစ်ပေါ်ခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မြို့အတွင်းရှိ လမ်းများနှင့် နေအိမ်များ ရေလွှမ်းမိုးခဲ့ရသည်။ ရေလွှမ်းမိုးသည့် နယ်မြေများသို့ ရဲအရာရှိ ၃,၀၀၀ စေလွှတ်ခဲ့ကာ ဒေသခံများအား ရွှေ့ပြောင်းရေး၊ သွားလာရေးနှင့် ညွှန်ကြားချက်များ ထိန်းသိမ်းရေးအတွက် ကူညီပေးခဲ့ကြသည်ကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)