Connect with us

News

ကမ္ဘာ့အမြင့်ဆုံးတောင် ချိုမိုလန်းမား ခေါ်  ဧဝရတ်တောင်တက်ခရီးစဉ်အားမိတ်ဆက်ခြင်း

ချိုမိုလန်းမားတောင်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်(ခေါ်) ဧဝရတ်တောင်သို့တက်ရောက်ရန် စိန်ခေါ်မှုများစွာ နှင့် စခန်းပေါင်း ၆ ခုကိုကျော်ဖြတ်ရသည်။ ဆင်ဟွာသတင်းဋ္ဌာန၏ အထူးသတင်းထောက်များက ချိုမိုလန်းမားတောင်ထွဋ်အထိ တက်ရောက်ပြီးနောက် တောင်တက်ခရီးစဉ်တစ်လျှောက်မိတ်ဆက်တင်ပြမှုများကိုရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ 

ချိုမိုလန်းမားတောင်၏အခြေစိုက်စခန်းမှာ အမြင့်ပေ ၅၂၀၀ မီတာတွင် တည်ရှိသည်။ ၎င်းမှာ တောင်၏ မြောက်ဘက်ပိုင်းရှိ တောင်တက်သမားများ တက်ရောက်လေ့ရှိသည့် အကြီးဆုံးအခြေစိုက်စခန်းတစ်ခုလည်းဖြစ်ပေသည်။ အခြေစိုက်စခန်းမှ စတင်ထွက်ခွါပါကအမြင့် မီတာ ၅၈၀၀ တွင်တည်ရှိသည့် နားနေစခန်းကိုရောက်ရှိမည်ဖြစ်သည် ။

ထိုစခန်းက မြေပြင်အခြေစိုက်စခန်းနှင့် တောင် ပေါ်စခန်းတို့ အကြား ဆက်သွယ်ထားသည့် အရေးပါသော နားနေစခန်းတစ်ခုလည်းဖြစ်သည်။ ထိုမှတစ်ဆင့် သွားပါကတောင်ပေါ်စခန်းသို့ရောက်ရှိမည်ဖြစ်ပြီး တောင်ပေါ်စခန်းမှာအမြင့်မီတာ ၆၅၀၀ တွင် တည်ရှိသည်။ ထိုစခန်းတွင် တောင်တက်သမားတို့ လိုအပ်သည့် ပစ္စည်းကိရိယာများကိုသိုလှောင်ထားရှိသည်။ တောင်အထက်သို့ဆက်တက်ပါက စခန်း အမှတ် ၁ သို့ရောက်ရှိမည်ဖြစ်ပြီးအမြင့် ၇၀၂၈ မီတာတွင်တည်ရှိသည်။ စခန်းအမှတ် ၁ သို့သွားရာမှာ နှင်းခဲများနှင့်ရေခဲတုံးများပြိုကျလာနိုင်သည့်အန္တရာယ်ရှိသည်။ စခန်းအမှတ် ၂ သို့သွားရာလမ်းမှာ နှင်းလျှောစောက်ကြီး ၃ ခုရှိပြီးအပူချိန်ရုတ်တရက်ကျဆင်းစေသည့်လေအေးစီးကြောင်း အန္တရာယ်ရှိသည်။ စခန်းအမှတ် ၂ မှာ မြေပြင်မှ ၇၇၉၀ မီတာအမြင့်တွင်ရှိသည်။

ထို့နောက် အမြင့် ၈၃၀၀ မီတာရှိ စခန်းကို ရောက်ရှိမည်ဖြစ်ပြီး ၎င်းမှာ ချိုမိုလန်းမားတောင်ထိပ်သို့ ရောက်လုနီးသည့်  နောက်ဆုံးစခန်း တစ်ခုဖြစ်သည်။ ထိုမှ တစ်ဆင့် အမြင့်မီတာ ၈၆၅၀ မှ ၈၇၀၀ တွင် နံရံများအားလုံးမှာအလွန်မြင့်မား မတ်စောက်လာပြီး တောင်ပေါ်သို့ဆက်တက်ရန် အင်မတန်ခက်ခဲသည့်အပိုင်းကိုရောက်ရှိခဲ့သည်။ တောင်ထိပ်အနီး ဒုတိယအဆင့်အဖြစ် တောင်တက်သမားများအတွက် သတ္တုလှေခါးများကိုအသုံးပြုကာတက်ရောက်ရသည်။ ဒုတိယအဆင့်ကိုကျော်ဖြတ်ပြီးနောက် အမြင့် မီတာ ၈၈၀၀ အရောက်တွင် တောင်တက်သမားများသည် တောင်ထွဋ်သို့ရောက်လုနီး တတိယအဆင့်သို့ရောက်ရှိ ပြီဖြစ်ပြီးကြိုးများဖြင့်တွယ်ကာ ဆက်လက်တက်ရောက်ရသည်။ ထိုသို့ကြိုးပမ်းမှုများအပြီးတရုတ်နိုင်ငံမှ တောင်တိုင်းတာရေးအဖွဲ့သည် မေ၂၇ ရက်တွင် ချိုမိုလန်းမားတောင် ခေါ် ဧဝရတ်တောင်ထိပ်ပေါ်သို့အောင်မြင်စွာခြေချနိုင်ခဲ့သည်။ တောင်တက်အဖွဲ့သည် တောင်၏ အမြင့်ကိုပြန်လည်တိုင်းတာမည်ဖြစ်ပြီးထိုသို့တိုင်းတာခြင်းသည် သုတေသနလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.